မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ သထုံမြို့နယ်အတွင်း နေရပ်ပြန်ပြည်သူများထားရှိမည့် နေရာများ လာရောက်ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ သထုံမြို့နယ်အတွင်း နေရပ်ပြန်ပြည်သူများထားရှိမည့် နေရာများ လာရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ ​နေပြည်တော် / May 29, 2020
image_latest


သထုံ မေ ၂၉

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် သထုံမြို့နယ်အတွင်း ပြည်ပနိုင်ငံများမှ နေရပ်ပြန်လာကြသူများကို ထားရှိမည့် အသွားအလာကန့်သတ်‌ စောင့်ကြည့်ရေးစခန်း နေရာများ စီစဉ်ထားရှိမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့် လိုက်လံကြည့်ရှုစစ်ဆေးသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်က မကြာခင်အချိန်အတွင်း ယခုနေရာများ၌ (၂၁) ရက် ကန့်သတ်စောင့်ကြည့်ရန် ဒေသအသီးသီးမှ နေရပ်ပြန်ပြည်သူများ ထားရှိသွားမည်ဖြစ်ရာ ပြည့်စုံစွာ စီစဉ်ထားစေလိုကြောင်း၊ လိုအပ်ချက်များကို စစ်ဆေးတင်ပြစေလိုပြီး ဖြည့်စွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လိုက်လံကြည့်ရှုရာ၌ ပြောကြားခဲ့သည်။

ယင်းသို့စစ်ဆေးရာတွင် သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးနှင့် တာဝန်ရှိသူများက ကျန်းမာရေး၊ လုံခြုံရေးနှင့် စားသောက်နေထိုင်မှု၊ ရေ/မီး တပ်ဆင်ထားရှိမှု၊ သန့်စင်ခန်းများ ပြင်ဆင်ထားရှိမှု စွန့်ပစ်အမှိုက်များ စနစ်တကျဖြစ်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်တို့ကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်တို့ကို ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

သထုံမြို့နယ်တွင် မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ကြာပန်းကျေးရွာရှိ စက်မှု သင်တန်းကျောင်းနှင့် ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်တို့၌ ပြည်ပနိုင်ငံများမှ နေရပ်ပြန်လာကြသူ (၃၇၆) ကို ထားရှိရန် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း သုံးခုစီစဉ်ထားကြောင်း သိရသည်။

သက်ဦး(သထုံ)

HOT NEWS
January 4,