မှော်ဘီမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၂၁ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ သိန်းကျော် ဖမ်းဆီးရမိ

မှော်ဘီမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၂၁ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ သိန်းကျော် ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / June 23, 2022
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။


လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန်လ ၁ ရက်နေ့ ည ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာ၊ အမှတ်(၁)ရပ်ကွက်ရှိ အောင်မင်း၏ နေအိမ်အား သတင်းအရရှာဖွေရာ ခြံစောင့် ခင်မောင်ထွန်း နှင့် ကိုကိုနိုင်တို့ နှစ်ဦးနှင့်အတူ နေအိမ်မှ သနပ်ခါးဘူးများ၊ ဇီးသီးထုပ်များနှင့် အုန်းသီးခြောက်များအတွင်း ထည့်သွင်းသိုဝှက်ထားသည့် ဒေသ ကာလတန်ဖိုး ငွေကျပ် ၄ ဒသမ ၂၁ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ ပိုင်ရှင် အောင်မင်း မှာ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာ၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၇,၇၅၀ ပြား ဖမ်းဆီးရမိမှုမှ ကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်၍ ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့တွင် မောင်တောမြို့မရဲစခန်း၌ ဖမ်းဆီးခံနေရသူဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။