ရေချိုခရုမှတစ်ဆင့် ကူးစက်သော သန်ကောင်ရောဂါကာကွယ်ရေးအတွက် ပတ်ဝန်းကျင် သန့်ရှင်းရေး အသိပညာပေး လူထုလှုပ်ရှားမှု အခမ်းအနားကျင်းပ

ရေချိုခရုမှတစ်ဆင့် ကူးစက်သော သန်ကောင်ရောဂါကာကွယ်ရေးအတွက် ပတ်ဝန်းကျင် သန့်ရှင်းရေး အသိပညာပေး လူထုလှုပ်ရှားမှု အခမ်းအနားကျင်းပ


Ministry of Information/ ​နေပြည်တော် / January 20, 2020


သံတွဲ ဇန်နဝါရီ ၁၉

သန်ကောင်ရောဂါ ကာကွယ်ရေးသန့်ရှင်းမှုကို အလေးပေး ခေါင်းစဉ်ဖြင့် ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သန်ကောင်ရောဂါ ကာကွယ်ရေးအတွက် ပတ်ဝန်းကျင် သန့်ရှင်းရေး အသိ ပညာပေးအခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီတွင် ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာစိုင်းဇော်ဝင်းလှိုင်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ရေချိုခရုမှ ကူးစက်တတ်သောရောဂါနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် သန့်လေးသန့် (ခေါ်) အစာသန့်ရှင်းရေး၊ ရေသန့်ရှင်းရေး၊ လက်သန့်ရှင်းရေးနှင့် အိမ်သာများ သန့်ရှင်းရေးများ လိုအပ်ကြောင်း၊ ယင်လုံအိမ်သာများ ဆောက်လုပ် အသုံးပြုရေးအပြင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိကြောင်း၊ စာသင်ကျောင်းများတွင်လည်း လက်ကိုစင်ကြယ်အောင် ဆေးကြောအသုံးပြုရေး၊ ရေကောင်း ရေသန့်ရရှိရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပညာပေး အစီအစဉ် များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် “မောင်သန့်ရှင်း Video Clip နှင့် သန်ကောင်ရောဂါကာကွယ်ရေးသန့်ရှင်းမှုကို အလေးပေး ’’ Photo Essay ပြသခဲ့ကြကြောင်းလည်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,