ရွှေသွေးဂျာနယ် ထွက်ရှိ

ရွှေသွေးဂျာနယ် ထွက်ရှိ

Ministry of Information/ naypyitaw / June 11, 2021
image_latest


 

နေပြည်တော် ဇွန် ၁ဝ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ် စနေနေ့ တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။

ဇွန် ၁၂ ရက်( စနေနေ့တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်၌ အမှန်တကယ် အကူအညီလိုအပ်နေသူများကို ကူညီ တတ်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “လွဲသွားလို့ပါ မျက်နှာဖုံးကာတွန်း၊ ( မင်းသမီးလေး ဒေစီ၏ သူတစ်ပါး အပေါ် ကူညီတတ်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “အပျံသင်တဲ့ မင်းသမီးလေး ဒေစီ သုတ ဆောင်းပါး၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ကာတွန်းလက်ရရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့ လက်ရာ ကဏ္ဍ၊ ကြောင်နှင့် ကြွက် တို့၏ ဒဏ္ဍာရီပုံပြင်အကြောင်းကို တင်ဆက်ထားသည့် “အဲဒါ ( သူ့ကြောင့် နှစ်မျက်နှာ ကာတွန်း၊ ဖိုးတို့ သူငယ်ချင်းတစ်စုသည် ကဗျာများကိုစိတ်ပါလက်ပါဖတ်ကြပုံအကြောင်း တင်ဆက် ထားသည့် “ဘယ်ဈေးလဲ ဝတ္ထုကဏ္ဍ၊ မြန်မာလူမျိုးတို့၏ စားရေးနှင့် ဝတ်ရေး ဆိုင်ရာ ကောက်ပဲ သီးနှံတချို့အကြောင်းကို တင်ဆက်ထားသည့် “လေ့လာစရာ ကောက်ပဲသီးနှံဆိုတာ သုတဆောင်းပါး ကဏ္ဍ အပါအဝင် ဉာဏ်စမ်းကဏ္ဍ၊ အင်္ဂလိပ်စကားဝိုင်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့စုံလင်စွာ ဖြင့် ဖတ်စရာ မှတ်စရာများ ပါရှိကြောင်း သိရှိရသည်။

သတင်းစဉ်

အထူးသတင်း