ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၌ ဘိန်းခင်းများ ဖျက်ဆီး
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၌ ဘိန်းခင်းများ ဖျက်ဆီး
Ministry of Home Affairs/ နေပြည်တော် / December 02, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်က ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၌ ဘိန်းခင်းများ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီ ၅၀ မိနစ်မှ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ထိ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ထီပေါင်ကျေးရွာအုပ်စု၊ ပြင်သာကျေးရွာအရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာ၌ စိုက်ပျိုးထားသည့် အမြင့် ၂ ပေခန့်ရှိ ဘိန်းခင်း ၃၀ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။
