ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် - ၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးထိုက်ဇော် ပစ်ခတ်လုပ်ကြံခံရသဖြင့် သေဆုံး

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် - ၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးထိုက်ဇော် ပစ်ခတ်လုပ်ကြံခံရသဖြင့် သေဆုံး


Ministry of Information/ Naypyitaw / November 22, 2020


ကျောက်မဲ ‌နိုဝင်ဘာ ၂၁

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရှမ်း ပြည်နယ် မဲဆန္ဒနယ်အမှတ်-၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးထိုက်ဇော်သည် ယနေ့ ညနေ ၆ နာရီ ကျော်ခန့်က ကျောက်မဲမြို့နယ် ပင်တိန် ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ဦးထိုက်ဇော်သည် နေအိမ်ရှိဈေးဆိုင်၌ ဈေးရောင်းနေစဉ် ဆိုင်ရှေ့သို့ ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦး ရောက်ရှိလာပြီး တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးထိုက်ဇော်၏ ယာဘက်ရင်ဘတ်တွင် ဒဏ်ရာရရှိခဲ့သည်။ ယင်းဒဏ်ရာဖြင့် ကျောက်မဲပြည်သူ့ဆေးရုံသို့ ညနေ ၆ နာရီ မိနစ် ၄၀ တွင် ရောက်ရှိပြီး ညနေ ၆ နာရီ မိနစ် ၅၀ ခန့်က သေဆုံးသွား ကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

ကြေးမုံ

HOT NEWS
January 4,