ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ “ကျော်ဇောလင်း”ရွှေဆိုင်အား အမျိုးသား ငါးဦးက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်ယူဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ “ကျော်ဇောလင်း”ရွှေဆိုင်အား အမျိုးသား ငါးဦးက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်ယူဆောင်


Ministry of Home Affairs/ နေပြည်တော် / January 28, 2022


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ “ကျော်ဇောလင်း”ရွှေဆိုင်အား အမျိုးသား ငါးဦး (စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာ၊ အမှတ်(၄)ရပ်ကွက်၊ မန္တလေး-မူဆယ်ကား လမ်းဘေးရှိ အဆိုပါရပ်ကွက်နေ ဦးကျော်ဇော်လင်း(ခ)ဇော်လင်းဦး(၄၈)နှစ် (ဘ)ဦးတင်သန်း ပိုင်ဆိုင် သော “ကျော်ဇောလင်း” ရွှေဆိုင်၌ အရောင်းဝန်ထမ်း ဒေါ်စုစု (၄၄)နှစ် (ဘ) ဦးလှထူးနှင့် မခြူးစံ (စိစစ်ဆဲ)တို့သည် ဆိုင်ကောင်တာတွင် ရှိနေပြီး ကျန်ဝန်ထမ်း လေးဦးမှာ ဆိုင်ရှိ ထမင်းစားခန်းအတွင်း ထမင်းစားလျက်ရှိနေစဉ် ဆိုင်ရှေ့သို့ နံပါတ်မမှတ်မိ WISH အဖြူရောင်ယာဉ် တစ်စီးဖြင့် Mask အမည်းရောင်တပ်ဆင်ထားသော အမျိုးသား ငါးဦး(စိစစ်ဆဲ)က ရောက်ရှိလာပြီး အမျိုးသား တစ်ဦးမှာ ၎င်းယာဉ်ပေါ်တွင် အသင့်စောင့်နေပြီး ကျန်အမျိုးသား လေးဦးတို့မှာ ပစ္စတိုသေနတ် တစ်လက်နှင့် တုတ်/ဓား များကိုင်ဆောင်၍ ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး သေနတ်ဖြင့် ချောက်လှန့်ပစ်ခတ်ကာ ဆိုင်ကောင်တာတွင် ရှိနေသူ အရောင်းဝန်ထမ်း ဒေါ်စုစုနှင့် မခြူးစံတို့ ၂ ဦးအား ထိုင်ခိုင်းပြီး ရွှေကောင်တာအတွင်းရှိ ရွှေဆွဲကြိုး ၂၂၁ ကုံး၊ အလေးချိန် ၁၅၁ ကျပ် ၄ ပဲ၊ ရွှေလက်ကောက် ၅၉ ကွင်း၊ အလေးချိန် ၂၂ ကျပ် ၈ ပဲ၊ ရွှေဆွဲသီး ၁၄၅ ခု၊ အလေးချိန် ၃၁ ကျပ် ၈ ပဲ၊ ရွှေဟန်းချိန်း ၁၆ ခု၊ အလေးချိန် ၁၆ ကျပ် ၄ ပဲ၊ ရွှေဆံကုတ် ၁ ခု၊ အလေးချိန် ၃ ပဲ၊ စုစုပေါင်းရွှေထည်ပစ္စည်းမျိုးစုံ (အလေးချိန် ၂ ပိဿာ ၂၁ ကျပ်သား၊ တန်ဖိုးငွေကျပ် ၃၇၆,၀၂၀,၀၀၀ ခန့်)အား ကျောပိုးအိတ်အတွင်း ထည့်၍ လုယက်ယူဆောင်ကာ နောင်ချိုမြို့ဘက်သို့ မော်တော်ယာဉ်ဖြင့်  မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေဆိုင်ရှိ ရွှေထည်ပစ္စည်းများအား လုယက် ယူဆောင်သွားခဲ့သည့် အမျိုးသား ငါးဦးအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်ပိတ်ဆို့စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,