ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / July 03, 2022

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၇ ရက် ည ၁၀ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လွယ်တော်ခမ်း ကျေးရွာတံတားတွင် ပါကွေ့ကျေးရွာမှ လွယ်တော်ခမ်းကျေးရွာသို့ အားကျို့ မောင်းနှင်လာသည့် ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ သိမ်းဆည်းရမိပြီး စစ်ဆေး ဖော်ထုတ်ချက်အရ ည ၁၂ နာရီတွင် တာချီလိတ်မြို့နယ်၊ စန်းလုကျေးရွာ ရာဘာခြံရှိ အားဆော်၏ နေအိမ်ကို ရှာဖွေရာ အားဆော်မှာ တိမ်းရှောင်သွားပြီး နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၁၄ ဒသမ ၉၆ သိန်း၊ ဘိန်းဖြူ ၀ ဒသမ ၆၈ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၀ ဒသမ ၉ ကီလိုနှင့် ကတ်တမင်း ၀ ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၏ စုစုပေါင်း ဒေသကာလ တန်ဖိုး ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိကြောင်း၊ ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။