လူထုဗဟိုပြုစီမံကိန်း ထပ်မံတိုးချဲ့ဆောင်ရွက်ရန် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူသည့် အစည်းအဝေးကျင်းပ

လူထုဗဟိုပြုစီမံကိန်း ထပ်မံတိုးချဲ့ဆောင်ရွက်ရန် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူသည့် အစည်းအဝေးကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / January 29, 2020


ဘားအံ- ဇန်နဝါရီ ၂၈

 ကရင်ပြည်နယ်အတွင်း ကမ္ဘာ့ဘဏ်၏ အထောက်အပံ့ဖြင့် လူထုဗဟိုပြုစီမံကိန်း ထပ်မံတိုးချဲ့ဆောင်ရွက်ရန် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ် ရယူသည့် အစည်းအဝေးကို ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက မိတ်ဆက် စကားပြောကြားကာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကြောင်းကို မိတ်ဆက်ရှင်းလင်း သည်။

 ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ရပ်ကွက်၊ ကျေးရွာလူထုကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများက အုပ်စုငယ် များခွဲ၍ သတ်မှတ်ချက်များအတိုင်း မြို့နယ်ရွေးချယ်ခဲ့ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှခိုင်က ဆွေးနွေးချက်ရလာဒ်များအား ပြန်လည်တင်ပြကာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက နိဂုံးချုပ် အမှာစကားပြောကြားသည်။

 ကမ္ဘာ့ဘဏ်၏ အထောက်အပံ့ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စီမံကိန်း(၄)နှစ်တာ ကာလပြီးဆုံးခဲ့ပြီး လှိုင်းဘွဲနှင့် ကော့ကရိတ်မြို့နယ်တို့တွင် စီမံကိန်း (၂) နှစ်အား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ဆဲ ဖြစ်ကြောင်းနှင့် လူထုဗဟိုပြုစီမံကိန်း ပိုလျှံငွေကြောင့် မြို့နယ်(၁၃)မြို့နယ်အား ထပ်မံတိုးချဲ့ဆောင်ရွက်ခွင့်ရရှိသဖြင့် ကရင်ပြည်နယ်တွင် စီမံကိန်းမြို့နယ်အသစ် (၁)မြို့နယ် ရွေးချယ်ဆောင်ရွက်ရန် ယခုအစည်းအဝေးကို ကျင်းပဆောင်ရွက် ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,