လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်ရေး အထူးကြပ်မတ် ဆောင်ရွက် သည့်နေရာသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကြည့်ရှုစစ်ဆေး

လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်ရေး အထူးကြပ်မတ် ဆောင်ရွက် သည့်နေရာသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကြည့်ရှုစစ်ဆေး


Ministry of Information/ ​နေပြည်တော် / April 01, 2020
image_latest


ပင်လုံ   ဧပြီ   ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့သို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့နှင့်အတူ ယနေ့ နေ့လည် (၁၂:၀၀) နာရီ အချိန်တွင်  ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် ပြည်သူ(၁၅)ဦးအား (Facility Quarantine) အဖြစ်ထားရှိသည့်  ပင်လုံတက္ကသိုလ် ဘော်ဒါဆောင်သို့ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့အဝင်/ အထွက်များတွင် ခရီးသည်တင်ယာဉ်များဖြင့် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ပင်လုံမြို့ အထက(၁)သို့ ရောက်ရှိပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဝန်ထမ်းများ၊ ပြည်သူများ၊ ရပ်ရွာလူမှုကူညီရေးအဖွဲ့များ အားလုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။

ထို့နောက်  ရှမ်းပြည်နယ်လွှတ်တော်  ကိုယ်စားလှယ် ဒေါ်နန်းမြထွေး၊  လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ် တို့က လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အနေဖြင့် ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား စနစ်တကျ ကျန်းမာရေးစစ်ဆေးခြင်း၊ စနစ် တကျစောင့်ကြည့်ခြင်းနှင့် ဆောင်ရွက်နေမှုအခြေအနေများအား ပြန်လည်တင်ပြကြောင်း သိရှိရပါသည်။

နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်၊ ပင်လုံ)

HOT NEWS
January 4,