လှိုင်းဘွဲမြို့နယ်တွင် တတိယအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

လှိုင်းဘွဲမြို့နယ်တွင် တတိယအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ


Kayin State Government/ location / September 18, 2021


လှိုင်းဘွဲ    -   စက်တင်ဘာလ-၁၈

       ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီစခန်းမှ ပြည်သူလူထုများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား  တတိယအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်()နာရီအချိန်က လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

     ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့က လာရောက်ကြည့်ရှုခဲ့ပြီး လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို   လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၊ ရွှေဂွန်းတိုက်နယ်ဆေးရုံ၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံ၊ ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံနှင့် ရှမ်းရွာသစ်တိုက်နယ်ဆေးရုံတို့တွင် နေရာခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

 

 

 

HOT NEWS
January 4,