သတင်းတင်ပြခြင်း

သတင်းတင်ပြခြင်း


Sagaing Region Government/ Monywa / October 20, 2020


(၂၀-၁၀-၂၀၂၀)ရက်နေ့တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိ၏နေအိမ်ပြင်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လေးစားလိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိကို မြို့ပေါ်ရှိ ဈေးများ၊ လူစည်ကားရာနေရာများ၊ မြို့အဝင်ဂိတ်နှင့် မီးရထား ဘူတာရုံတို့တွင် နေ့စဉ်စစ်ဆေးခြင်း၊ အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်ခြင်းမရှိသူ ကျား(၄၀)ဦး၊ မ(၁၀)ဦး၊ စုစုပေါင်း(၅၀)ဦးတို့အား တစ်ဦးလျှင် (Mask)တစ်ခု (၅၀)ကျပ်နှုန်းဖြင့် ဝယ်ယူစေပြီး ဒဏ်ကြေးငွေ (၁၅၀)ကျပ်ကို မြို့နယ်တရားရုံးသို့ ပေးဆောင်စေခဲ့ကြောင်း သတင်းရရှိပါသည်။ ​​​​​​​

HOT NEWS
January 4,