အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ


Ministry of Home Affairs/ နေပြည်တော် / May 24, 2022


အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့သစ်(ခ) ရပ်ကွက်၊ (၁)လမ်းနေ မေမြတ်နိုးသိမ့် (၂၀)နှစ်သည် ၎င်းအသုံးပြုသည့် “Phone Myintzu (Pyone)” Facebook အကောင့်၊ ပဲခူးမြို့၊ ဗိုလ်ကုန်း(၁၈)ရပ်ကွက်နေ ငြိမ်းချမ်းအောင် (၂၉)နှစ်သည် ၎င်းအသုံးပြုသည့် “Chan Aung” Facebook အကောင့်၊ လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်နေ နှင်းလဲ့နန္ဒာလွင် (၂၆)နှစ်သည် ၎င်းအသုံးပြုသည့် “နှင်းလဲ့” Facebook အကောင့်၊  ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊  ရွှေပင်ရပ်ကွက်၊ စံပြလမ်းနေ ဟိန်းထက်နိုင် (၂၄)နှစ်သည် ၎င်းအသုံးပြုသည့် “Hein Htet Naing” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်နေအေးအေးမာ (၃၂)နှစ်သည် ၎င်းအသုံး ပြုသည့် “Aye Aye Mar” Facebook အကောင့်၊ ပခုက္ကူမြို့၊ (၁၀)ရပ်ကွက်နေ တိုးကြည် (ခ) တိုးရွှေ (၆၃)နှစ်သည် ၎င်းအသုံးပြုသည့် “Daw Toe Kyi” Facebook အကောင့်၊ ပခုက္ကူမြို့၊ (၁၁)ရပ်ကွက်နေ အောင်ကျော်သက် (ခ) ကျော်သက်သည် ၎င်းအသုံးပြုသည့် “Kyaw Thet” Facebook အကောင့်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်နေ ခင်ရီ (၅၈)နှစ်သည် ၎င်းအသုံးပြုသည့် “Daw Khin Yi” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်နေ မင်းထက်(ခ) အာဂျစ် (၂၂)နှစ်သည် ၎င်းအသုံးပြုသည့် “Min Htet” Facebook အကောင့်၊ မှော်ဘီမြို့နယ်၊ သန္ဓေပင် ကျေးရွာနေ ခန့်သူဇော် (၁၉)နှစ်သည် ၎င်းအသုံးပြုသည့် “Khant Thu Zaw” Facebook အကောင့် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ (၃)ရပ်ကွက်နေသူများဖြစ်သည့် မျိုးဇာနည် (၃၁)နှစ်နှင့် ဝင်းမေနီ (၃၈)နှစ်တို့ ၂ ဦးသည် ၎င်းတို့အသုံးပြုသည့် “Myo Zaeni” Facebook အကောင့်နှင့် “Win May Ni” Facebook အကောင့်တို့သည့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။