အစိုးရဌာနများ၏ ဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များကို Myanmar National Portal Facebook Page နှင့် Mobile Application တို့မှတစ်ဆင့် ပြည်သူများ အလွယ်တကူ ရယူသုံးစွဲနိုင်

အစိုးရဌာနများ၏ ဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များကို Myanmar National Portal Facebook Page နှင့် Mobile Application တို့မှတစ်ဆင့် ပြည်သူများ အလွယ်တကူ ရယူသုံးစွဲနိုင်


Ministry of Information/ Naypyitaw / November 27, 2020
image_latest


နေပြည်တော် နိုဝင်ဘာ ၂၆

အစိုးရဌာနများ၏ ဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များကို Myanmar National Portalı Facebook Page ac Mobile Application of goodsoệ ပြည်သူများ အလွယ်တကူ ရယူသုံးစွဲနိုင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ သိရသည်။

စုံစုံလင်လင်ရရှိနိုင်

“အစိုးရနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ ပြည်သူတွေဟာ အစိုးရနဲ့ထိတွေ့ ဆက်ဆံဖို့အတွက် လိပ်စာတွေ ဥပမာဆိုရင် ဌာနတွေရဲ့ ဝက်ဘ်ဆိုက်လိပ်စာ တိုင်း ရှာဖွေအသုံးပြုနေရမယ့်အစား Portal လို့ခေါ်တဲ့ ဝင်ပေါက်တစ်ခု တည်းကနေပြီး လွယ်လွယ်ကူကူ ဆက်သွယ်ဆောင်ရွက်ခွင့်ရရှိသွားမယ်။ ဒါကြောင့် All Inclusive ဖြစ်လာမယ်။ နိုင်ငံသားတွေအတွက်တင်မကဘဲ နိုင်ငံတော်အစိုးရအတွက်ပါ နှစ်ဦးနှစ်ဖက်လုံး အကျိုးကျေးဇူး အများကြီး ရရှိနိုင်ပါတယ်။ တစ်နေရာတည်းကနေ information တွေ စုံစုံလင်လင် ရရှိနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီ Portalကို တည်ဆောက်ခဲ့တာ ဖြစ်ပါ တယ်။

"Portal ပေါ်မှာဆိုရင် ပြည်သူတွေက သိချင်တဲ့ အချက်အလက်တွေ ဖြစ်တဲ့ အရေးပေါ်ကြေညာချက်တွေ၊ အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ၊ မိုးလေ၀သအခြေအနေတွေ၊ ပြီးတော့ အစိုးရဌာန အသီးသီးကို ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေ၊ လိပ်စာတွေ၊ အစိုးရဌာနတွေက ခေါ်နေတဲ့ တင်ဒါတွေ၊ အလုပ်ခေါ်စာတွေ၊ ဝန်ဆောင်မှုတွေ၊ ဒီဝန်ဆောင်မှုတွေကို လျှောက်ဖို့အတွက် လျှောက်လွှာဖောင်ပုံစံတွေ၊ အွန်လိုင်းကနေ လျှောက်လို့ ရတဲ့ အွန်လိုင်းလျှောက်လွှာတွေ ဒီလို information မျိုးတွေ ရရှိနိုင်မယ်။

“နောက်ပြီးတော့ အစိုးရဌာနတွေကတင်ထားတဲ့ Document တွေကို ရရှိနိုင်တယ်။ ဒီလိုမျိုး ကဏ္ဍစုံစုံလင်လင်ကို ဒီ Portal ကနေ တစ်နေရာ တည်းမှာ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ရရှိနိုင်မယ်။ ပြည်သူတွေက လည်း ပါဝင်ပြီးတေ ဆွေးနွေးနိုင်မယ်။ အစိုးရက ထုတ်ပြန်တဲ့ သတင်း အချက်အလက်တွေကို ပြည်သူတွေက ရယူနိုင်ရုံတင်မက ပြည်သူကပါ ပါဝင်ပြီးတော့ ဆွေးနွေးနိုင်မယ့် ကဏ္ဍတွေ၊ ဥပမာဆိုရင် Blog၊ Discussion Poll Survey လိုမျိုး ကဏ္ဍတွေအများကြီး Portal မှာ စုံစုံလင်လင်နဲ့ ထည့်ပေး ထားပါတယ်”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်း အချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က ပြောကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်၍ အစိုးရ အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများ၊ တင်ဒါများ၊ သတင်းအချက်အလက်များနှင့် Website များကို ပြည်သူလူထုမှ တစ်နေရာတည်းတွင် လွယ်ကူစွာရယူ အသုံးပြုနိုင်ရန်အတွက် Myanmar National Portal အား အင်တာနက်လိပ်စာ www.myanmar.gov.mm ဖြင့် လွှင့်တင်ထားပြီးဖြစ်သည်။

ပွင့်လင်းမြင်သာမှုပိုပြီးရရှိလာ “Portal ပေါ်ကနေ အစိုးရရဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဖြူး ပေးနေတာကို ပြည်သူတွေကြားထဲ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသွားစေဖို့ Facebook Page ပေါ်ကနေလည်း Portal ပေါ်က သတင်းတွေကို အချိန်နှင့် တစ်ပြေးညီ တင်ပေးနေပါတယ်။ ဒီစာမျက်နှာရဲ့ Comment တွေကနေတစ်ဆင့် ပြည်သူတွေက မေးလာတဲ့ မေးခွန်းတွေကိုလည်း ဖြေကြားပေးနေတဲ့အတွက် ကြောင့်မိုလို့ အစိုးရနဲ့ ပြည်သူတွေကြားထဲမှာ ပွင့်လင်းမြင်သာမှုတွေ ပိုပြီးရရှိ လာတယ်။ ပြည်သူတွေရဲ့ ကျေနပ်မှုကိုလည်း အစိုးရအနေနဲ့ ပိုပြီးရရှိလာတယ်” ဟုလည်း ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က ပြောသည်။ ။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် အစိုးရအဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများ၊ တင်ဒါများ၊ သတင်းအချက်အလက်များနှင့် Website များ ကိုပြည်သူများ ပိုမိုလွယ်ကူစွာ ရယူအသုံးပြုနိုင်ရန်အတွက် Myanmar National Portal ၏ Facebook Page နှင့် Mobile Application တို့ကိုစီစဉ်ထားရှိပြီး ဖြစ်သည်။

အဆိုပါ Mobile Application ကို Google Play Store (Android) App Store (ios) နှင့် AppGallery (Huawei) တို့တွင် လွှင့်တင်ထားပြီးဖြစ်ရာ Android ဖုန်းများအတွက် https://bit.ly/3pj1SVF ၊ iOS ဖုန်းများအတွက် https://bit.ly/2eGW250 နှင့် Huawei ဖုန်းများအတွက် https://bit.ly/3656SVZ (သို့) QR Code ကို Scan ဖတ်၍ Download ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

ထို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ Website (www. mote.gov.mm) Myanmar National Portal al Website ((www.myanmar.gov.mm) နှင့် Facebook Page (www.facebook.com/myanmamationalportal) တို့တွင်လည်း Download ရယူ အသုံးပြုနိုင်ပြီ ဖြစ်သည်။

Myanmar National Portal Mobile App တွင် အစိုးရ၏ဝန်ဆောင်မှုများ၊ လျှောက်လွှာပုံစံများ၊ တင်ဒါများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ နောက်ဆုံးရ သတင်းများ၊ မိုးလေဝသသတင်းများ၊ အရေးပေါ်ဆက်သွယ်ရန် ဖုန်းများ၊ Covid-19 နှင့်ပတ်သက်သည့် အချက်အလက်များ၊ အစိုးရဌာန လမ်းညွှန်၊ အရေးပေါ်ကြေညာချက်များ၊ အပြည်ပြည်ဆိုင်ရာငွေကြေး လဲလှယ်မှုနှုန်းထားများ၊ လာမည့်အစိုးရ ရုံးပိတ်ရက်များ၊ သတင်းစာများ၊ ဘလော့ဂ်များ၊ ဆွေးနွေးရေးကဏ္ဍများ၊ မဲဆန္ဒနှင့် စစ်တမ်းများနှင့် မြန်မာ အကြောင်း၊ အစိုးရအဖွဲ့ အစည်းများအကြောင်း၊ အကြံပြုရန် စသည့် ဝန်ဆောင်မှုများကို ရရှိနိုင်မည်ဖြစ်သည်။

“ပြည်သူတွေအနေနဲ့ Portal ကို ဝင်ရောက်အသုံးပြုတဲ့ အရေအတွက် က ရှစ်သန်းကျော်အထိ ရှိလာတယ်။ တော်တော်ကြီးကို ပြည်သူတွေ အသုံးပြု လာတယ်။ Portal ကိုအသုံးပြု တာတွေ များလာသလို မိုဘိုင်းဖုန်းကို အသုံးပြုမှုကလည်း တော်တော်ကို တိုးတက်များပြားလာပါတယ်။ ဒါကြောင့် Mobile App ကို ဘယ်လို စီစဉ်ထားသလဲဆိုတော့ iOS ရယ်၊ Android ရယ်။ Huawei ဖုန်းတွေမှာရယ် ဒီသုံးခုမှာ အသုံးပြုနိုင်အောင် စီစဉ်ပေးထားတယ်။ QR Scan ဖတ်ပြီးတာနဲ့ တစ်ခါတည်း တိုက်ရိုက် Download ဆွဲလို့ရအောင် QR Scan ဖတ်လို့ရတဲ့ စနစ်ကိုလည်း ဖန်တီးပေးထားပါတယ်။ Login Page မှာဆိုရင် ပထမဦးဆုံး Announcement ပေါ့။ Announcement မှာ Skip ဆိုတာ နှိပ်လိုက်ရင် Register Page ကို စတွေ့ရမှာ ဖြစ်ပါတယ်။ Mobile App ကနေ Portal ကို Login ဝင်ဖို့အတွက်ကျတော့ သုံးမျိုးရှိပါတယ်။ Register လုပ်ရမယ့် နေရာ၊ Facebook နဲ့ Login ဝင်တဲ့နေရာနဲ့ Guest အနေနဲ့ Login ဝင်လို့ရတဲ့နေရာဆိုပြီး သုံးမျိုးဖြစ်ပါတယ်။ Sign In with Facebook နဲ့ Continuous as a Guest က Register လုပ်စရာမလိုဘဲနဲ့ Portal ထဲကို တိုက်ရိုက်တစ်ခါတည်း ဝင်သုံးနိုင်အောင် လုပ်ထားတာပါ။ Register လုပ်တာနဲ့ မလုပ်တာ ကွာခြားမှုရှိပါတယ်။ Register မလုပ်ရင် Blog တို့၊ Discussion တို့ ၊ Voting တို့ ၊ Service တို့ ဒီဟာတွေကို သုံးလို့ မရဘူး။ ဒီကဏ္ဍ၄ခုကိုတော့ Registerလုပ်တဲ့သူကပဲသုံးလို့ရမှာပဲဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က ရှင်းပြသည်။

ရှင်မင်း

HOT NEWS
January 4,