အပြည်ပြည်ဆိုင်ရာ ကရိသျှ်ဏအနုဿတိအသင်း (မြန်မာနိုင်ငံ) မှ ကြီးမှူးပြီး ၂၀၂၀ ကို မေတ္တာဖြင့် ကြိုဆိုခြင်းနှင့် ISKCON (Myanmar) Food For Life Foundation မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

အပြည်ပြည်ဆိုင်ရာ ကရိသျှ်ဏအနုဿတိအသင်း (မြန်မာနိုင်ငံ) မှ ကြီးမှူးပြီး ၂၀၂၀ ကို မေတ္တာဖြင့် ကြိုဆိုခြင်းနှင့် ISKCON (Myanmar) Food For Life Foundation မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ


Ministry of Information/ ​နေပြည်တော် / December 15, 2019
image_latest


ရန်ကုန် ဒီဇင်ဘာ ၁၅

 

အပြည်ပြည်ဆိုင်ရာ ကရိသျှ်ဏအနုဿတိအသင်း (မြန်မာနိုင်ငံ) မှ ကြီးမှူးကျင်းပသည့် ၂၀၂၀ ကို မေတ္တာဖြင့် ကြိုဆိုခြင်းနှင့် ISKCON (Myanmar) Food For Life Foundation အား မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ Pan Pacific Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာဆော်ရက်(ဘ်)ကူမား၊ ဟိန္ဒူဘာသာရေး ခေါင်းဆောင်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဟိန္ဒူဘာသာဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏ အနုဿတိအသင်း တည်ထောင်သူ ဆရာတော်ကြီး ရှရီလာပ်ရဘူးပါးဒ် အား ပန်းကုံးဖြင့် ဂါဝရပြုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏအနုဿတိအသင်း (မြန်မာနိုင်ငံ) မှ တာဝန်ရှိသူက ပန်းကုံးချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသူနိုင်ငံသား အားလုံးသည် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိပါကြောင်း၊ ဘာသာဝင်တိုင်းသည် သက်ဆိုင်ရာ ဘာသာရေး ပွဲတော်များ ကို အနှစ်သာရရှိရှိ ကျင်းပပြုလုပ်ကြသည့်အတွက် ကောင်းမြတ်သည့် အစဉ်အလာ ဖြစ်ပါကြောင်း၊ ဟိန္ဒူဘာသာ သာသနာ၏ အနှစ်သာရဖြစ်သည့် တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်ချစ်ခင်မှု၊ သနားကြင်နာမှု၊ ကိုယ်ချင်းစာနာညှာတာ ထောက်ထားမှု၊ တရားမျှတမှန်ကန်မှု စသည်များသည် လူမှုဆက်ဆံရေးနယ်ပယ်တွင် အလွန်နက်ရှိုင်းလှသော သွန်သင်မှုများပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ကိုးကွယ်မှု ဘာသာတိုင်းတွင် လက်ခံကျင့်သုံး လျက်ရှိသော မေတ္တာတရားသည်သာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်တည်ဆောက်နိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ပါကြောင်း၊ ဘာသာဝင်အသီးသီးက မေတ္တာတရားကို လေးနက်ယုံကြည်စွာ ကျင့်သုံးရင်း ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါစေဟု ဆုတောင်း အပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး က ဆရာတော်ကြီး ရှရီလာပ်ရဘူးပါးဒ် အား ပန်းကုံးဖြင့် ဂါဝရပြုပြီး မေတ္တာစကား ပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏအနုဿတိအသင်း (မြန်မာနိုင်ငံ) မှ တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာသူများအား ပန်းကုံးချီးမြှင့်ကြပြီး အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏအနုဿတိအသင်း (မြန်မာနိုင်ငံ) မှ ဦးဆောင်ဆရာတော် H.G Srivasa Pandit Das Prabhu က ISKCON (Myanmar) Food For Life Foundation အကြောင်း ရှင်းလင်းပြောကြားသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,