အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို Online Conferencing ဖြင့် ကျင်းပ

အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို Online Conferencing ဖြင့် ကျင်းပ


Ministry of Information/ ​နေပြည်တော် / June 05, 2020
image_latest


နေပြည်တော် ဇွန် ၅

၂၀၂၀ပြည့်နှစ်အတွက် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Online Conferencing ဖြင့် ကျင်းပရာ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က အစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သည်။

အစည်းအဝေးတွင် အာဆီယံဒေသတွင်းနိုင်ငံများအတွင်း ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုလျှော့ချနိုင်ရန် (၅)နှစ်လျှင် တစ်ကြိမ်ကျ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်အရ ၂၀၂၁-၂၀၂၅ အတွက် ကြိုတင်ညှိနှိုင်း ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၆-၂၀၂၀ လုပ်ငန်းအစီအစဉ်ကိုအကောင်အထည်ရာတွင် ရရှိခဲ့ သည့် အတွေ့အကြုံများ၊ သင်ခန်းစာ ဖော်ထုတ်ချက်များ၊ စိန်ခေါ်မှုများ၊ ကွာဟချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် အချိန်လျာထားချက်များကို အဖွဲ့ဝင်နိုင်ငံများအကြား ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ပူးတွဲဥက္ကဋ္ဌများ ဖြစ်သည့် မြန်မာနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံတို့နှင့်အတူ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်းဒါရူ ဆလင်၊ လာအို၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)

HOT NEWS
January 4,