အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ရွှေတိဂုံစေတီတော်ဖူးမြော်

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ရွှေတိဂုံစေတီတော်ဖူးမြော်


Ministry of Information/ Naypyitaw / July 03, 2022
image_latest


ရန်ကုန် ဇူလိုင်

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Prak Sokhonn နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

ဦးစွာ ဧည့်သည်တော်နှင့်အဖွဲ့သည် တောင်ဘက်ဧည့်ခံတန်ဆောင်း၌ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး စေတီတော်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ထို့နောက် ဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော် ဓာတ်ပုံနှင့် သမိုင်းမှတ်တမ်းစာအုပ်ကို လက်ဆောင်အဖြစ် ပေးအပ်သည်။

ဆက်လက်၍ ဧည့်သည်တော်နှင့်အဖွဲ့သည် ရင်ပြင်တော်တစ်ပတ် လှည့်လည်ကြည့်ရှု လေ့လာပြီး အလှူရှင် ဧည့်ခန်းမဆောင်၌ စေတီတော်မြတ်ကြီးအတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်သည် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ရန်ကုန်မြို့မှ ပုဂံမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

သတင်းစဉ်

HOT NEWS
January 4,