ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လပွတ္တာမြို့နယ်၊ မိုးစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးပွဲကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လပွတ္တာမြို့နယ်၊ မိုးစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးပွဲကြည့်ရှုအားပေး


Ayeyarwaddy Region Government/ ပုသိမ် / July 26, 2024


ပုသိမ် ဇူလိုင် ၂၄ 

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇူလိုင် ၂၄ ရက်နေ့က လပွတ္တာမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူ ဒေါ်ခင်စိန်၏ လယ်မြေတွင် ပြုလုပ်သည့် မိုးစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးပွဲ တက်ရောက်၍ မိုးစပါး ကောက်စိုက်စက်ဖြင့်စိုက်ပျိုးနေမှုနှင့်  လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ လပွတ္တာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ဒေသနှင့်ကိုက်ညီသည့် အထွက်နှုန်းကောင်းသည့်မျိုးစပါးများကို တောင်သူများရွေးချယ်စိုက်ပျိုးနိုင်ရန် ရေဆင်းသုတေသနမှထုတ်လုပ်သော YSR- 1၊  YIR-14၊  YRR-12၊  YKQR-01၊  YQR-11နှင့်ဆင်းသုခစပါးမျိုးများ  ပျိုးထောင်ထားရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မိုးစပါး ကောက်စိုက်စက်ဖြင့်စိုက်ပျိုးနေမှုနှင့် လက်ဆွဲကောက်စိုက်စက်ဖြင့်စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး တောင်သူများ၊ ဌာနဆိုင်ရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကောက်စိုက်စက်၊ လက်ဆွဲကောက်စက်များဖြင့် စနစ်တကျစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးစရိတ်ကုန်ကျမှုသက်သာခြင်း၊ အချိန်ကုန်သက်သာခြင်း၊ လုပ်အားများလျှော့ချနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိနိုင်၍ တွယ်ကျယ်စွာ အသုံးပြုကြရန်၊ ဒေသနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးစပါးများ ရွေးချယ်စိုက်ပျိုးကြရန်မှာကြားခဲ့သည်။

HOT NEWS
January 4,