ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် မြန်အောင်မြို့နယ် သပြေကုန်း ရဲကင်းစခန်းဖွင့်ပွဲနှင့် နယ်မြေမီးသတ်စခန်း ပန္နက်တင်မင်္ဂလာ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် မြန်အောင်မြို့နယ် သပြေကုန်း ရဲကင်းစခန်းဖွင့်ပွဲနှင့် နယ်မြေမီးသတ်စခန်း ပန္နက်တင်မင်္ဂလာ အခမ်းအနားတက်ရောက်


Ministry of Information/ ဧရာဝတီတိုင်းဒေသကြီး / January 25, 2020
image_latest


မြန်အောင် ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယနေ့ နံနက်က မြန်အောင်မြို့နယ် သပြေကုန်း‌ ကျေးရွာအုပ်စု သပြေကုန်း ရဲကင်း ရဲစခန်းဖွင့်ပွဲနှင့် နယ်မြေမီးသတ်စခန်း ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သပြေကုန်း‌ကျေးရွာအုပ်စု သပြေကုန်း ရဲကင်းရဲစခန်းမုခ်ဦးကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး သယံဇာတနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးသန့်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံ စုပေါင်းရိုက်ကူးကြသည်။ ဆက်လက်၍ သပြေကုန်းနယ်မြေရဲကင်း ရဲစခန်း ဆိုင်းဘုတ်အား အမွှေးနံသာပက်ဖြန်း၍ ရဲကင်းစခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
သပြေကုန်းနယ်မြေ မီးသတ်စခန်း အဆောက်အဦး ဆောက်လုပ်မည့် မြေနေရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက သတ်မှတ်နေရာ အသီးသီးတွင် ပန္နက်ရိုက်ပေးခဲ့ကြပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံ စုပေါင်းရိုက်ကူး ကြသည်။
သပြေကုန်းနယ်မြေ မီးသတ်စခန်း အဆောက်ဦးကို RC ၂ ထပ် ၊ အ လျား ၄၅ ပေ ၊ အနံ ၅၀ ပေ ကို ABLE Winners ကုမ္ပဏီက ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်

HOT NEWS
January 4,