၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုအခြေခံ၍ ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁ ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းထုတ်ပြန်

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုအခြေခံ၍ ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁ ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းထုတ်ပြန်


Ministry of Information/ ​နေပြည်တော် / April 01, 2020


နေပြည်တော် ဧပြီ ၁

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနသည် နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ နိုင်ငံတော်၏မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းအား နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည်။

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁ ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၄ ဒသမ ၅၈ သန်းဖြစ်ပြီး အဆိုပါ နေ့ရက်တွင်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေစာရင်းမှာ ဖော်ပြပါအတိုင်းဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။

သတင်းစဉ်

HOT NEWS
January 4,