(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / September 24, 2018


ဘားအံ အောက်တိုဘာ ၂၀
     ကရင်တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို နှစ်စဉ်မပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ယခုအခါ ၆၃ နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၃)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ စနစ်တကျဖြင့် ကျင်းပပြုလုပ်သွားနိုင်ရေးအတွက် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပွဲတော်ကျင်းပရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
 အစည်းအဝေးတွင် ကရင်ပြည်နယ်နေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားပြင်ဆင်ရေးအထောက်အကူပြုလုပ်ငန်းကော်မတီ၊ နေရာထိုင်ခင်းပြင်ဆင်ရေး၊ နေရာချထားရေး အထောက်အကူပြု လုပ်ငန်းကော်မတီ၊ ပျော်ပွဲရွှင်ပွဲအထောက်အကူပြုလုပ်ငန်းကော်မတီ၊ ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းကော်မတီ၊ သန့်ရှင်းရေးအထောက် အကူပြုလုပ်ငန်းကော်မတီ၊ ဆိုင်ခန်းများနေရာချထားရေးနှင့်ရန်ပုံငွေရှာဖွေရေးအထောက်အကူပြုလုပ်ငန်းကော်မတီ၊ စာရင်းစစ်ဆေးရေးအထောက်အကူပြု လုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးအထောက်အကူပြုလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးအထောက်အကူပြုလုပ်ငန်းကော်မတီ၊ ပြခန်းကြီးကြပ်ရေးအထောက်အကူပြု လုပ်ငန်းကော်မတီ၊ ပြန်ကြားရေး၊မှတ်တမ်းထိန်းသိမ်းရေးနှင့်ဖိတ်ကြားရေး အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ပို့စကဒ်၊ ပြက္ခဒိန်၊ မဂ္ဂဇင်းထုတ်ဝေရေးအထောက်အကူပြုလုပ်ငန်းကော်မတီ၊ မုခ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပရေးအထောက်အကူပြုလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေး အထောက်အကူပြုလုပ်ငန်းကော်မတီတို့မှ ကော်မတီအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြကြကာ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။
  ယခုနှစ် ကရင်ပြည်နယ်နေ့ပွဲတော်ကို ပျော်ပွဲရွှင်ပွဲများ၊ ကရင့်ရိုးရာယဉ်ကျေးမှုဒုံးအကပြိုင်ပွဲများ၊ ဇာတ်သဘင် အက အလှများ၊ မုန့်စျေးရောင်းပွဲတော်များ၊ ကုန်စည်ပြပွဲများ၊ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးများ၊ လှေလှော်ပြိုင်ပွဲ၊ ကာယဗလမောင်/မယ်ပြိုင်ပွဲ၊ ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲ၊ တင်းနစ်ပြိုင်ပွဲ၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲများဖြင့် ယခင်နှစ်များထက် ပိုမိုထူးခြားစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

HOT NEWS
January 4,