အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက် (၂၈-၉-၂၀၁၈ ရက်၊ နယူးယောက်မြို့)

အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက် (၂၈-၉-၂၀၁၈ ရက်၊ နယူးယောက်မြို့)


Ministry of Foreign Affairs/ Nay Pyi Taw / September 28, 2018


(၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ ရောက်ရှိနေသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ၂၇-၉-၂၀၁၈ ရက်၊ ဒေသစံတော်ချိန် ၁၄၀ဝ နာရီတွင် နယူးယောက်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပပြုလုပ်သည့် အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေး (Informal ASEAN-US Ministerial Meeting ) သို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် လာအို နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith နှင့် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး John J. Sullivan တို့က ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြကာ အာဆီယံ-အမေရိကန် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ရေး ကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။

HOT NEWS
January 4,