ဒုတိယဝန်ကြီး ဦးအောင်ထူး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး

ဒုတိယဝန်ကြီး ဦးအောင်ထူး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး


Ministry of Information/ နေပြည်တော် / April 06, 2018
ဒုတိယဝန်ကြီး ဦးအောင်ထူး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့်အဖွဲ့သည် ဧပြီ လ၂ ရက်မှ ၁၀ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရှင်းကျန်းပြည်နယ်သို့ တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လေ့လာရေးခရီး သွားရောက်လျက်ရှိသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧပြီ ၄ ရက်တွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဒေသ တည်ဆောက်မှုအား လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန်အတွက် ရှင်းကျန်းပြည်နယ်၊ ဟော်ကိုစစ် Khorgos နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် တရုတ်-ကာဇက်စတန် နှစ်နိုင်ငံ စီးပွားရေး ဇုန်ထူထောင်မှုနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ မြန်မာ-တရုတ်နယ်စပ် စီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ် များကို ဆွေးနွေးခဲ့ကြသည်။

မြန်မာ-တရုတ်နယ်စပ်ဒေသ စီးပွားရေးဇုန် တိုးမြှင့် ထူထောင်ရေးအတွက် တရုတ်-ကာဇက်စတန် နယ်စပ် စီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းများကို ပထမဆုံးအကြိမ် သွားရောက် လေ့လာခြင်းဖြစ်ပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင် သည့် အစိုးရအဆင့်မြင့်အရာရှိကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ်မှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)

HOT NEWS
January 4,