ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်မှု (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့)

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်မှု (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့)


Ministry of Home Affairs/ နေပြည်တော် / October 08, 2018


ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်မှု (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့)
      ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအက်ဥပဒေ ပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့် မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက် ဂိတ်အသီးသီးမှ ပြန်လည်ဝင်ရောက်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် မြဝတီမြို့ (၄)ရပ်ကွက် ရွှေ့ပြောင်းအလုပ်သမားရုံးသို့ ၁၁၃ ဦး(ကျား ၈၄၊မ ၂၉)တို့ ရောက်ရှိလာခဲ့ကြ ပါသည်။
      ၎င်းတို့ထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက်အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတု ပြုလုပ်သူများနှင့် ငွေစက္ကူ အတုများ ပါလာခြင်းမရှိစေရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ လဝကနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့မှာ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်း ရရှိပါသည်။

HOT NEWS
January 4,