နိုင်ငံတော်ဒုတိယသမ္မတ(၂)ဦးဟင်နရီဗန်ထီးယူရခိုင်ပြည်နယ်မင်းပြားမြို့နယ် ရာမောင်ကြိုးတံတားကြံ့ခိုင်မှု ကြည်ရှု့စစ်ဆေး

နိုင်ငံတော်ဒုတိယသမ္မတ(၂)ဦးဟင်နရီဗန်ထီးယူရခိုင်ပြည်နယ်မင်းပြားမြို့နယ် ရာမောင်ကြိုးတံတားကြံ့ခိုင်မှု ကြည်ရှု့စစ်ဆေး


Rakhine State Government/ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ / October 12, 2018


နိုင်ငံတော်ဒုတိယသမ္မတ(၂)ဦးဟင်နရီဗန်ထီးယူရခိုင်ပြည်နယ်မင်းပြားမြို့နယ် ရာမောင်ကြိုးတံတားကြံ့ခိုင်မှု ကြည်ရှု့စစ်ဆေး

မင်းပြား အောက်တိုဘာ ၁၁

နိုင်ငံတော်ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူသည်ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဦးလှကျော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန်ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နှင့်ပြည်နယ်ဝန်ကြီးများအဖွဲ့သည် အောက်တိုဘာ (၁၁) ရက်နေ့လည် (၁၂) နာရီ(၁၉) မိနစ်က မင်းပြားမြို့နယ် ရာမောင်တံတား ရှင်းလင်းဆောင်သို့ရောက်ရှိပြီး ရာမောင်ကြိုးတံတားကြံ့ခိုင်မှု အခြေ အနေကိုကြည့်ရှုသည်။

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရာမောင်ကြိုးတံတားရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီစဉ်များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် ဒုတိယသမ္မတ(၂)ဦးဟင်နရီဗန်ထီးယူက လိုအပ်သည်များကို မှာကြားခဲ့ပြီး (၁၂)နာရီ(၂၄) မိနစ်တွင် မြောက်ဦးမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်းသိရသည်။ မြို့နယ်(ပြန်/ဆက်)

HOT NEWS
January 4,