လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဉက္ကဋ္ဌ၊ ဒုတိယသမ္မတ(၂) ဦးဟန်နရီဗန်ထီးယူက ပြန်လည်စွန့်လွှတ်မြေ(၆၉၂.၂၄)ဧကအား မူလတောင်သူ(၁၅၀)ဦးထံပေးအပ်

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဉက္ကဋ္ဌ၊ ဒုတိယသမ္မတ(၂) ဦးဟန်နရီဗန်ထီးယူက ပြန်လည်စွန့်လွှတ်မြေ(၆၉၂.၂၄)ဧကအား မူလတောင်သူ(၁၅၀)ဦးထံပေးအပ်


Rakhine State Government/ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ / October 12, 2018


လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဉက္ကဋ္ဌ၊ ဒုတိယသမ္မတ(၂) ဦးဟန်နရီဗန်ထီးယူက ပြန်လည်စွန့်လွှတ်မြေ(၆၉၂.၂၄)ဧကအား မူလတောင်သူ(၁၅၀)ဦးထံပေးအပ်

မြောက်ဦး၊ အောက်တိုတင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဠ ဒုတိယသမ္မတ(၂)ဦးဟန်နရီဗန်ထီးယူ ဦးဆောင်၍ မြောက်ဦးခရိုင်အတွင်းရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပြန်လည်စွန့်လွတ်မြေ(၆၉၂.၂၄)ဧကအား မူလတောင်သူ(၁၅၀)ဦး၏ လက်ဝယ်သို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)ပေးအပ်ပွဲကို ၂၀၁၈ ခုနှစ်၊အောက်တိုဘာ ၁၁ ရက် နေ့လည် ၂နာရီအချိန်က မြောက်ဦးခရိုင်အထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဠ ဒုတိယသမ္မတ(၂)က အဖွင့်အမှာစကားပြောကြားပြီးနောက် ရခိုင်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီဥက္ကဠ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်အတွင်းသိမ်းဆည်းမြေဆိုင်ရာကိစ္စများနှင့် ဆောင်ရွက်မှုအခြေ အနေများကိုရှင်း လင်းပြောကြားသည်။ ထို့နောက် ပြန်လည်စွန့်လွှတ်မြေဆိုင်ရာ စာရွက်စာတန်းများ အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းထံ လွှဲပြောင်းအပ်ခဲ့သည်။

ထို့နောက် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဠ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရွာဟောင်းတောကျေးရွာမှ တောင်သူ(၅၀)ဦးအား ၄င်း၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ထိပ်ဝပြင်ကျေးရွာမှတောင်သူ(၂၃)ဦးနှင့် ပေါက် ပင်ကွင်းကျေးရွာမှ တောင်သူ(၁၁)ဦးအား၄င်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကျောက်တော်မြို့နယ်၊ အခစားကျေးရွာမှ တောင်သူ(၁၃)ဦးနှင့် လက်ခုပ် ပင်ရင်းကျေးရွာမှ တောင်သူ(၉)ဦးအား၄င်း၊ ရခိုင်ပြည်နယ်၊စိုက်ပျိုးရေးမွေးမြူရေး သစ်တောနှင့် သတ္တု တွင်းဝန်ကြီးဌာနဝန်ကြီး ဦးကျော်လွင်က မြေပုံမြို့နယ်၊ မြောက်ကြိမ်ကျေးရွာမှ တောင်သူ(၂၂)ဦးအား ၄င်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက မြေပုံမြို့နယ်၊ မြောက်ကြိမ်ကျေးရွာမှ တောင်သူ(၂၁)ဦးသို့ ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)အားပေးအပ်ခဲ့သည်။ ဆက်လက်၍ ဒုတိသမ္မတ(၂)ဦးဟန်နရီဗန်ထီးယူနှင့်အဖွဲ့သည် မြောက်ဦးမြို့ ရှေးဟောင်းသုတေသန ပြတိုက်သို့ရောက်ရှိပြီး ပြတိုက်အတွင်းခင်းကျင်းပြသထားသော ရှေးဟောင်းကျောက်စာတိုင်များနှင့် ရခိုင်ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများအား လှည့်လာကြည့်ရှုကြပြီး ညနေ ၃ နာရီ ၃၆ မိနစ်အချိန် တွင် မော်တော်ယာဉ်တန်းဖြင့် စစ်တွေမြို့သို့ ထွက်ခွါသွားကြောင်းသတင်းရရှိသည်။

ခရိုင်ပြန်/ဆက် မြောက်ဦး

HOT NEWS
January 4,