ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကျုံကူ ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၄၇)ရှိ၊ စက်သုံးဆီဆိုင်တွင် သုံးဘီးဆိုင်ကယ်အား ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကျုံကူ ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၄၇)ရှိ၊ စက်သုံးဆီဆိုင်တွင် သုံးဘီးဆိုင်ကယ်အား ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွား


Ministry of Home Affairs/ နေပြည်တော် / October 19, 2018
သုံးဘီးဆိုင်ကယ်အား ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွား


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကျုံကူ ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၄၇)ရှိ၊ စက်သုံးဆီဆိုင်တွင် သုံးဘီးဆိုင်ကယ်အား ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွား

(၁၈.၁၀.၂၀၁၈)ရက်နေ့၊ (၁၁ ၄၀)အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၄၇)ရှိ၊ ပိုင်ရှင် ဒေါ်သက်၏ မေသင်္ကြန်စက်သုံးဆီဆိုင်တွင် သုံးဘီးဆိုင်ကယ်အား ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဖျာပုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အပေါ့စားမီးသတ်စက်(၅)လုံး၊ သန္ဓေ(၂၂)ဦး၊ အရန်(၂၅)ဦးတို့ဖြင့် Foam ဆေးရည်(၄၀)ဂါလန်နှင့် ရေဂါလန်(၅၆၀၀)ဂါလန် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၁၁ ၅၅)အချိန် မီးငြိမ်း ပါသည်။ သုံးဘီးဆိုင်ကယ်အားဆီဖြည့်စဉ် ဆီတိုင်ကီနှုတ်ခမ်းနှင့် ဆီဖြည့်ဂေါက်တို့ ပွတ်တိုက်မိရာမှ မီးစတင် လောင်ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဆီဖြည့်ပန့်အမိုး(၃၁×၁၅)ပေ၊ သံဖရိန်မိုး(၁၅ ၁၅)ပေ၊ သုံးဘီး ဆိုင်ကယ်(၁)စီး၊ ဂါလန်(၅၀) ပန့်(၁)လုံး၊ စက်ပန့်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆိုင်ဝန်ထမ်း မသင်းသင်းဖြူ  ခြေထောက် မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဖျာပုံမြို့မရဲစခန်းမှ(ပ)၆၃၀/၂၀၁၈၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,