(၆၃)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲပထမနေ့အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်

(၆၃)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲပထမနေ့အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်

ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 08, 2018


ဘားအံ နိုဝင်ဘာ ၈
 (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို (၇)သိန်းနှင့်(၁၀)သိန်း ရိုးရာအောင်လံလုပွဲ အပါအဝင် စိန်ခေါ်ပွဲပေါင်း ၃၈ ပွဲနှင့် အထူးစိန်ခေါ် ကြားပွဲများဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည်ပိုင်းက မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ပထမနေ့အနေဖြင့် စာချုပ်စိန်ခေါ်ပွဲ ၈ ပွဲနှင့် ခုနှစ်သိန်းအောင်လံလုပွဲ ပွဲစဉ်များကို ကျင်းပရာ အသဲချင်းကပ် ရင်ချင်းအပ်၍ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။
 ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ပထမနေ့တွင် ကလေးပွဲ ၇ ပွဲ၊ လူလတ် ၃ ချီ စိန်ခေါ်ပွဲ ၁ ပွဲ၊ ခုနှစ်သိန်းအောင်လံလုပွဲ ကွာတားဖိုင်နယ် ၄ ပွဲ၊ စာချုပ်စိန်ခေါ်ပွဲ ၈ ပွဲ၊ စုစုပေါင်းပွဲစဉ်ပေါင်း ၂၀ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြရာ စာချုပ်စိန်ခေါ်ပွဲ ၃ ချီစိန်ခေါ်ပွဲတွင် ရွှေနှင်းဆီလူမိုက်(ရွှေဖူး)နှင့်စူပါရေချမ်း(မျိုးဆက်သစ်) တို့ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး အလူးအလဲနှင့်ပူးတွဲသရေဖြင့် လည်းကောင်း၊ (၄)ချီစာချုပ်စိန်ခေါ်ပွဲတွင် ဇာနည်အောင် (ရန်စစ်ငြိမ်း)နှင့်ထက်လင်းဦး(တိုက်ဂါး)၊ အောင်ထက်ဟိန်း(ဇွဲကပင်မြေ)နှင့် စောထွန်းမြိုင်(ရွှေမိုးထိငြိမ်းချမ်းရေး)၊ အောင်နိုင်ဦး(တောင်ကလေး)နှင့်အောင်အောင်(ရန်စစ်ငြိမ်း)တို့ သရေရလဒ်သာထွက်ပေါ်ခဲ့ပြီး (၅)ချီစာချုပ်စိန်ခေါ်ပွဲတွင် နေရိုင်း(ဓမ္မဟေဝန်)နှင့် ကျော်အဲပညာ(တောင်ကလေး)၊ စောလှမင်း(မြိုင်ကလေးဘိလပ်မြေစက်ရုံ)နှင့် စောဝါလု (ဇွဲကပင်မြေ)တို့ အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်သော်လည်း အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေဖြင့် လည်းကောင်း၊ ကျော်ထက် (မန္တလေးယူနိုက်တက်)က သံမဏိသွေးမိုက်(သုံးပန်လှ)ကို လက်ရေအသာစီးဖြင့် တတိယအချီ ၂ မိနစ်နှင့် ၈စက္ကန့်တွင် အလဲထိုးဖြင့် လည်းကောင်း၊ ယှူးခလိန်းမီး(မြိုင်ကလေးဘိလပ်မြေစက်ရုံ)က မင်းထက်ကြယ်(တိုက်ဂါး) အား တတိယအချီ ၂ မိနစ် ၅၄ စက္ကန့်တွင် အလဲထိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။
 (၆၃)နှစ်မြေက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့မှ ၁၁ ရက် နေ့ထိ (၅)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ထိုးသတ်ကြေးများ ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးလျက်ရှိကာ ဆုကြေးငွေစုစုပေါင်း သိန်းတစ်ထောင်ခန့် ချီးမြှင့်ပေးသွားရန် မျှော်မှန်းထားကြောင်း သတင်းရရှိသည်။

အထူးသတင်း
  • ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၈၁၄၃ သန်း ဆောင်ရွက်နိုင်၊ ယခင်ဘဏ္ဍာနှစ်ကာလ တူထက် အမေရိကန်ဒေါ်လာ ၁၂၆ သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့
  •           
  • နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ ရေပေးဝေရေးလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းသုံးရေမီတာများအား ရေဖိုးရေခပြောင်းလဲကောက်ခံမည်
  •           
  • ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်အထိ မူးယစ်ဆေးဝါးအမှု ၂၁၉ မှု ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။
  •           
  • လေရှီးမြို့၌ ၂ဝ၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
  •