မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်မှု

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်မှု


Ministry of Home Affairs/ နေပြည်တော် / November 16, 2018
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်မှု


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်မှု
    ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ ၀၈၁၅ အချိန်မှ ၁၁၂၅ အချိန်ထိ မောင်တောမြို့နယ်၊ ဗန္ဓုလကင်းစခန်းမှ ဒုရဲမှူး မြင့်မောင် ဦးစီးသည့်တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) နယ်ခြားစောင့်တပ်ရင်း Bhalukhaiya ကင်းစခန်းမှ Naib Subedar Md. Mozammel ဦးစီးသည့်တပ်ဖွဲ့ဝင်များသည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄၈)မှ (၄၉)အထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

 
    အလားတူ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာဘ ၁၅ ရက်နေ့ ၀၉၀၀ အချိန်မှ ၁၁၂၀ အချိန်ထိ မောင်တောမြို့နယ် နမ(၃) နခခ(၁) တောင်ပြို(ယာ)နယ်မြေ ရဲစခန်းမှ ရဲအုပ် သိန်းထွန်းမြင့် ဦးစီးသည့်တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄)နယ်ခြားစောင့်တပ် Baishfari ကင်းစခန်းမှ Naib Subedar Md. Mahbubur Rahman ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၃၆)မှ (၃၈)အထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,