မြဝတီမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၅ ဦး ပြန်လည်ဝင်ရောက်မှု(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့)

မြဝတီမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၅ ဦး ပြန်လည်ဝင်ရောက်မှု(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့)


Ministry of Home Affairs/ နေပြည်တော် / November 22, 2018
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ


မြဝတီမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၅ ဦး ပြန်လည်ဝင်ရောက်မှု(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့)
    ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက်ဂိတ်အသီးသီးမှ ပြန်လည်ဝင်ရောက်လာလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ ၀၉၀၀ အချိန်မှ ၁၈၀၀ အချိန်ထိ မြဝတီမြို့၊ (၄)ရပ်ကွက် ရွှေ့ပြောင်းအလုပ်သမားရုံးသို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၅ ဦး(ကျား ၁၃၂၊ မ ၄၃)တို့ ပြန်လည်ဝင်ရောက်လာခဲ့ပါသည်။
     ၎င်းတို့ထံမှ ငွေကြေးတစ်စုံတစ်ရာကောက်ခံခြင်းမရှိဘဲ အစွန်းရောက်အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတုများအား စိစစ်ရှာဖွေခြင်းနှင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။
 

HOT NEWS
January 4,