ဒိန်းမတ်-မြန်မာအစီအစဉ်အရ စတုတ္ထအကြိမ်မြောက် ဦးဆောင်ကော်မတီအစည်းအဝေးကျင်းပခြင်း

ဒိန်းမတ်-မြန်မာအစီအစဉ်အရ စတုတ္ထအကြိမ်မြောက် ဦးဆောင်ကော်မတီအစည်းအဝေးကျင်းပခြင်း

The Supreme Court of the Union/ Naypyitaw / December 06, 2018


ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ စတုတ္ထအကြိမ်မြောက် ဦးဆောင်ကော်မတီအစည်းအဝေး(4th Steering Committee Meeting) ကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. John Nielsen ဦးဆောင်သည့်အဖွဲ့၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဒိန်းမတ်-မြန်မာ အစီအစဉ် ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံတို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ သက်ဆိုင်ရာနယ်ပယ်များတွင် ၂၀၁၈ ခုနှစ်၊ လုပ်ငန်းအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဆက်လက်ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •