၆၈ ကြိမ်မြောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များ ပါဝင်သော ညှိနှိုင်းအစည်းအဝေးကျင်းပ

၆၈ ကြိမ်မြောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များ ပါဝင်သော ညှိနှိုင်းအစည်းအဝေးကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ မန္တလေး၊ ဇန်နဝါရီလ ၁၀ ရက် / January 11, 2019


၆၈ ကြိမ်မြောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များပါဝင်သော မျက်နှာစုံညီ ညှိနှိုင်းအစည်းအဝေးကို သာသနာတော်နှစ်

၂၅၆၂၊ မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ပြာသိုလ်လဆန်း ၅ ရက်၊ ခရစ်နှစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်၊ ၀၉၀၀ နာရီတွင် မန္တလေးမြို့၊ ၆၆

လမ်း၊ ၂၀ လမ်း × ၂၂ လမ်းကြား၊ အောင်မြေသာဇံမြို့နယ်ရှိ အမျိုးသား ဇာတ်ရုံ(မန္တလေး)၌ ကျင်းပပြုလုပ်ခဲ့ရာ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


    အစည်းအဝေးသို့ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညိန္ဒ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်ချစ်၊

အတွင်းရေးမှူး ဆရာကြီး ဦးပြေငြိမ်း၊ တွဲဖက်အတွင်းရေးမှူး ဦးဇော်မြင့်နှင့် ပြက္ခဒိန်အကြံပေးအဖွဲ့ဝင်များ၊ အရန်အဖွဲ့ဝင်များ၊

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ပါသည်။


    ဒုတိယဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ယခုစုံညီစွာတက်ရောက်လာ ကြသည့် ပညာရှင်ကြီးများအနေဖြင့် ဝါကြီးထပ်၊

ဝါငယ်ထပ်ကိစ္စကို နိုင်ငံတော်၏ သာသနာ ရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သော သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်တော်မူသည့်

အချက်များနှင့်ကိုက်ညီစွာ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းရှိ နိုင်ငံသူ နိုင်ငံသားများအကျိုး ကို ရှေးရှု၍ ယခုအစည်းအဝေးတွင်

ဆုံးဖြတ်နိုင်ကြရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိရာရှိကြောင်း ဖြစ်စေမည့် ပြက္ခဒိန်ဆိုင်ရာ သိရှိဖွယ်ရာများကို

ဝိုင်းဝန်းဆွေးနွေး ပေးကြရန်ထည့်သွင်းပြောကြားခဲ့ပါသည်။ ပြက္ခဒိန်အကြံပေးအဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး ကို ၂၀၁၉ ခုနှစ်၊

ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

အထူးသတင်း
  • ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၈၁၄၃ သန်း ဆောင်ရွက်နိုင်၊ ယခင်ဘဏ္ဍာနှစ်ကာလ တူထက် အမေရိကန်ဒေါ်လာ ၁၂၆ သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့
  •           
  • နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ ရေပေးဝေရေးလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းသုံးရေမီတာများအား ရေဖိုးရေခပြောင်းလဲကောက်ခံမည်
  •           
  • ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်အထိ မူးယစ်ဆေးဝါးအမှု ၂၁၉ မှု ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။
  •           
  • လေရှီးမြို့၌ ၂ဝ၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
  •