ဆိုင်ကလုန်းမုန်တိုင်းသတင်း

ဆိုင်ကလုန်းမုန်တိုင်းသတင်း


Ministry of Information/ နေပြည်တော် / December 16, 2018
image_latest


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့ မြန်မာ စံတော်ချိန် (၁၉:၀၀)နာရီ အချိန်ထုတ်ပြန်ချက်
ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၁၂)၊၂၀၁၈
ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန်(၁၈:၃၀)နာရီအချိန် တိုင်းထွာချက် များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အ လယ် ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း" (PHETHAI)သည် မြောက်-အနောက် မြောက်ဘက်သို့ ရွေ့ လျား ခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့-အရှေ့တောင် ဘက် (၂၀၅)မိုင်ခန့်၊ မာချီလီပတ္တနမ်မြို့(Machilipatnam) ၏ အရှေ့တောင်ဘက်မိုင်(၂၆၀)ခန့်၊ သီရိလင်္ကာ နိုင်ငံ၊ ထရီကို မာလီ မြို့(Triconmalee)၏ မြောက်-အရှေ့မြောက်ဘက် မိုင်(၂၈၀) ခန့် အကွာ ပင်လယ် ပြင်ကို ဗဟိုပြုနေပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)၏ လက်ရှိအခြေ အနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)သည် မြန်မာ စံတော်ချိန် (၁၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၂.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၃.၇)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၅၀)နှုန်းဖြစ်ပါသည်။
နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)သည် မြောက်-အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၁၂) နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန် တိုင်း "ဖီထိုင်း"(PHETHAI)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ရပါသည်။
သတိပေးနှိုးဆော်ချက်
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဖီထိုင်း"(PHETHAI)၏ အရှိန် ကြောင့် ယနေ့ညမှ နောက်(၄၈)နာရီ အတွင်း စစ်ကိုင်း တိုင်းဒေသ ကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာ စိပ်စိပ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက် ကျား မိုးထစ်ချုန်းရွာနိုင်ပါ သည်။
(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်း ရိုးတန်းတစ် လျောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ် ပါသည်။
(MOI)
 

HOT NEWS
January 4,