ဒုတိယဝန်ကြီးဦးအောင်လှထွန်း စစ်ကိုင်းမြို့၌ကျင်းပမည့် ကလေးစာပေပွဲတော်၊ ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီးဦးအောင်လှထွန်း စစ်ကိုင်းမြို့၌ကျင်းပမည့် ကလေးစာပေပွဲတော်၊ ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကြည့်ရှုစစ်ဆေး


Ministry of Information/ စစ်ကိုင်း / January 11, 2019
image_latest


စစ်ကိုင်း ဇန်နဝါရီ ၁၁

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ ညနေ ၅ နာရီခွဲတွင် စစ်ကိုင်းမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိကာ ကလေးစာပေ ပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ကလေးစာပေပွဲတော်ကို ဇန်နဝါရီ ၁၃ မှ ၁၄ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,