မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ်အတွင်းရှိတိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ်အတွင်းရှိတိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်


Ministry of Information/ စစ်တွေ / January 12, 2019
image_latest


စစ်တွေ ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း မြို့နယ်များရှိ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရောက်ရှိနေသော တိုက်ပွဲရှောင် အိမ်ထောင်စု ၄၃၂ စု စုစုပေါင်း လူဦးရေ ၂၁ဝဝ ခန့်အတွက် ထောက်ပံ့ပစ္စည်းများ ကူညီထောက်ပံ့ပေးလျက်ရှိသည်။

ဇန်နဝါရီ ၁ဝ ရက်အထိ တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် မိသားစုသုံး ပစ္စည်းစုံ ၄၃၂ ပုံး၊ တစ်ကိုယ်ရည်ကျန်းမာရေးသုံး ပစ္စည်းစုံ ၃၇၇ ပုံး၊ မီးဖိုချောင် သုံးပစ္စည်းစုံ ၅၈ ပုံး၊ တာပေါ်လင် ၅၈ ချပ်နှင့် အခြားလိုအပ်သည်များကို ကူညီ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည်။

ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် အခြားလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မြင့်စိုး

HOT NEWS
January 4,