ရခိုင်ပြည်နယ် တရားမဝင်ကုန်စည်စီးဆင်းမှု ထိန်းချုပ် တားဆီးရေးကော်မတီနှင့် တရားမဝင် ကုန်စည်စီးဆင်းမှု ထိန်းချုပ်တားဆီးအကောင်အထည်ဖော်မှု လုပ်ငန်းအထူးအဖွဲ့ အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ် တရားမဝင်ကုန်စည်စီးဆင်းမှု ထိန်းချုပ် တားဆီးရေးကော်မတီနှင့် တရားမဝင် ကုန်စည်စီးဆင်းမှု ထိန်းချုပ်တားဆီးအကောင်အထည်ဖော်မှု လုပ်ငန်းအထူးအဖွဲ့ အစည်းအဝေး ကျင်းပ


Ministry of Information/ စစ်တွေ / January 12, 2019
image_latest


စစ်တွေ ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ် တရားမဝင်ကုန်စည် စီးဆင်းမှု ထိန်းချုပ် တားဆီးရေး ကော်မတီနှင့် တရားမဝင် ကုန်စည် စီးဆင်းမှု ထိန်းချုပ် တားဆီးအကောင် အထည်ဖော်မှု လုပ်ငန်းအထူးအဖွဲ့ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်စည်စီးဆင်းမှု ထိန်းချုပ် တားဆီးရေးကော်မတီနှင့် တရားမဝင်ကုန်စည်စီးဆင်းမှု ထိန်းချုပ်တားဆီး အကောင်အထည်ဖော်မှု လုပ်ငန်းအထူးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြည်နယ်အတွင်း ကုန်သွယ်မှု လမ်းကြောင်းများမှ တရားမဝင် ကန့်သတ်၊ တားမြစ်ကုန်စည်များနှင့် အကောက်အခွန်မဲ့ ကုန်ပစ္စည်းများ နိုင်ငံအတွင်းသို့ တင်သွင်းမှု၊ ပြည်ပသို့ တင်ပို့မှုမရှိစေရေး တားဆီးကာကွယ်ရန်အတွက် တားဆီးကာကွယ်ရေးဂိတ်များတွင် အမြဲတမ်းဂိတ်နှင့်ရှောင်တခင် စစ်ဆေးရေးများ ထားရှိရန်နှင့် စစ်ဆေးရေးဂိတ်များတွင် လိုအပ်ချက်များကို အစိုးရအဖွဲ့အနေဖြင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော တရားမဝင် ကုန်စည်စီးဆင်းမှု ထိန်းချုပ်တားဆီးရေး ကော်မတီနှင့် တရားမဝင် ကုန်စည်စီးဆင်းမှု ထိန်းချုပ်တားဆီး အကောင်အထည်ဖော်မှု လုပ်ငန်း အထူးအဖွဲ့အတွင်းရေးမှူး၊ အကောက်အခွန်ဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးနှင့်အဖွဲ့ဝင်များက မိမိတို့ဌာန အလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးက သက်ဆိုင်ရာဌာန အလိုက်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ တရားမဝင် ကုန်စည်စီးဆင်းမှု ထိန်းချုပ် တားဆီးရေးကော်မတီနှင့် တရားမဝင် ကုန်စည်စီးဆင်းမှု ထိန်းချုပ်တားဆီး အကောင်အထည်ဖော်မှုလုပ်ငန်းအထူး အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

HOT NEWS
January 4,