၂၀၁၉ခုနှစ် တရုတ်-မြန်မာ နှစ်သစ်ကူး နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲ အခမ်းအနားကျင်းပ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် တက်ရောက်

၂၀၁၉ခုနှစ် တရုတ်-မြန်မာ နှစ်သစ်ကူး နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲ အခမ်းအနားကျင်းပ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် တက်ရောက်


Ministry of Information/ ရန်ကုန် / January 19, 2019
image_latest


ရန်ကုန် ဇန်နဝါရီ ၁၉

၂၀၁၉ခုနှစ် တရုတ်-မြန်မာ နှစ်သစ်ကူး နွေဦးပွဲတော် ပျော်ပွဲရွှင်ပွ ဲ အခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ဝင်း Sky Net Studio ခန်းမတွင် ကျင်းပရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် တက်ရောက်သည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဇနီး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီဝင် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Zhao Jin၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် ဇနီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် ပြည်နယ်ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာကျောက်ကျင်းက အမှာစကား ပြောကြားသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့သံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၊ ယူနန်ပြည်နယ် ပါတီကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးတို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဇနီး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီဝင် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Zhao Jin နှင့် တာဝန်ရှိသူများသည် တရုတ်-မြန်မာ ရိုးရာယဉ်ကျေးမှု တေးသီချင်းအက အလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

ယနေ့ကျင်းပသည့် ၂၀၁၉ခုနှစ် တရုတ်-မြန်မာ နှစ်သစ်ကူး နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့အစိုးရနှင့် မြန်မာနိုင်ငံဘက်မှ ပြန်ကြားရေး ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,