သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပြပွဲတွင် အာနန္ဒစန္ဒြကျောက်စာပါ အကြောင်းအရာများ ခင်းကျင်းပြသမည်

သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပြပွဲတွင် အာနန္ဒစန္ဒြကျောက်စာပါ အကြောင်းအရာများ ခင်းကျင်းပြသမည်


Ministry of Information/ ရန်ကုန် / January 21, 2019
image_latest


ရန်ကုန် ဇန်နဝါရီ ၂၀    

ရခိုင်တိုင်းရင်းသားတို့၏ အတိတ်ကာလ သမိုင်းကြောင်းနှင့် စာပေအရေးအသားတို့ကို လေ့လာနိုင်မည့် ရခိုင် ရှေးဟောင်းကျောက်စာတစ်ခုဖြစ်သော အာနန္ဒစန္ဒြ ကျောက်စာပါ အကြောင်းအရာများကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် ‘သွေးချင်းတို့ရဲ့ပွဲတော်ဆီ’ တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော်ကြီးရှိ ရခိုင်ပြည်နယ်ပြခန်း၌ အခမဲ့ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အာနန္ဒစန္ဒြ ကျောက်စာသည် ရခိုင်သမိုင်း စဉ်တွင် အရေးကြီးပြီး ရခိုင်လူမျိုးများအတွက် တန်ဖိုး မဖြတ်နိုင်သော ကျောက်စာဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် မေလက ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့၌ ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ် ကော်မတီ (MOWCAP)၏ ဆဋ္ဌမအကြိမ်မြောက် အထွေထွေ အစည်းအဝေးတွင် မြန်မာနိုင်ငံမှတင်သွင်း သော အာနန္ဒစန္ဒြကျောက်စာနှင့်အတူ ၁၉၃၄ ခုနှစ်က ရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်တို့သည် အာရှ-ပစိဖိတ ဒေသတွင်းမှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိ အမှတ်ပြုခံ ခဲ့ရကြောင်းလည်း သိရသည်။
အာနန္ဒစန္ဒြ ကျောက်စာ၏ ကျောက်စာရေးထိုးနှစ် နှင့် နောက်ထပ်တွေ့ရှိချက်များဖြစ်သော ကျောက်စာ အက္ခရာများ၊ ခေတ်အဆက်ဆက်မှ ရခိုင်ဒင်္ဂါးများ၊ ကျောက်စာပါ မင်းအချို့၏ နန်းစံနှစ် ကွဲလွဲချက်များ၊ နောက်ထပ်တွေ့ရှိရသော စာလုံးနှင့် စာသားအချို့၊ ကျောက်စာရေးထိုးသည့်ခုနှစ် စသည်တို့ကို ခေတ်မီ ကွန်ပျူတာ နည်းပညာအသုံးပြု၍ စတေကာ ကားချပ် များဖြင့် ပြခန်းသဖွယ် စနစ်တကျပြုလုပ်ကာ ၂၀၁၇ နိုဝင်ဘာလအတွင်းက ရန်ကုန်မြို့ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင်လည်းကောင်း၊ မြောက်ဦးမြို့ရှိ မြောက်ဦး ဟိုတယ်တွင်လည်းကောင်း၊ စစ်တွေမြို့ရှိ SS Food Centre ၌လည်းကောင်း ပြသခဲ့ပြီး ၂၀၁၈ ဇန်နဝါရီလ တွင်လည်း ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ ပြသခဲ့ကာ ယခု ‘သွေးချင်းတို့ရဲ့ပွဲတော်ဆီ’ ပြပွဲကြီးတွင် ထပ်မံပြသသွားမည်ဖြစ်ကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ သိရသည်။
မောင်မောင်ကျော့ (ပလက်၀)
 

HOT NEWS
January 4,