မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအားကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက်ပြည်တွင်း/ပြည်ပပညာရှင်များညှိနှိုင်းအစည်းအဝေးပြုလုပ်

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအားကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက်ပြည်တွင်း/ပြည်ပပညာရှင်များညှိနှိုင်းအစည်းအဝေးပြုလုပ်


Government Organizations/ ရန်ကုန် / January 21, 2019


မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအားကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက်နိုင်ငံတကာပညာရှင်များ၊ပြည်တွင်းပညာရှင်များညှိနှိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို(၁၉.၁.၂၀၁၉)ရက်နေ့တွင်လှိုင်မြို့နယ်ရှိရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ရန်ကုန်ဌာနခွဲအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးကြည်မင်း၊အမြဲတမ်းအတွင်းဝန်၊ပြည်တွင်း/ပြည်ပပညာရှင်များ၊ဌာနဆိုင်ရာ ကိုယ်စားလှယ်များတက်ရောက်ကြပြီးအစည်းအဝေးကို(၁၉.၁.၂၀၁၉)ရက်နေ့မှ(၂၂.၁.၂၀၁၉)ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားတွင်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုကအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင်ယနေ့ကျင်းပသည့်အစည်းအဝေးသည်"မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ"အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရန်Management Plan ရေးဆွဲရေး၊ Nomination Dossier ရေးဆွဲရေး၊  Disaster Risk Management Plan ရေးဆွဲရေး၊ဇုန်နယ်နိမိတ်သတ်မှတ်ခြင်းလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍နိုင်ငံတကာပညာရှင်များ၊ပြည်တွင်းပညာရှင်များညှိနှိုင်းဆွေးနွေးမည့်အစည်းအဝေးဖြစ်ကြောင်း၊မိမိတို့နိုင်ငံ၏ခေတ်အဆက်ဆက်ကပင်တန်ဖိုးထားသယ်ဆောင်လာသည့်အမွေအနှစ်များကိုနောင်လာနောက်သားများအတွက်လက်ဆင့်ကမ်းသယ်ဆောင်ပေးကြရမည်မှာမိမိတို့၏အရေးကြီးလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ထိုသို့အမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကိုလစ်ဟာမှု၊လစ်ဟင်းမှုမရှိစေရေး၊အတူတကွအနစ်နာခံပူးပေါင်းဆောင်ရွက်ပေးကြသည့်ကော်မတီ၊ဆပ်ကော်မတီဝင်များ၊ပြည်တွင်း/ပြည်ပပညာရှင်များ၊ဒေသခံပရဟိတအဖွဲ့များ၊အမွေအနှစ်ချစ်မြတ်နိုးသူများအားလုံးနှင့်အတူ ဝိုင်းဝန်းပူးပေါင်းထောက်ပံ့ကူညီကြသည့်နိုင်ငံတကာအဖွဲ့အစည်းများကိုသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်အထူးကျေးဇူးတင်ပါကြောင်း၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကကမ္ဘာ့အမွေအနှစ်တင်သွင်းခြင်းလုပ်ငန်းကိုလုပ်ငန်းတာဝန်တစ်ရပ်အနေဖြင့်ဆောင်ရွက်လျက်ရှိရာ၂၀၁၄ခုနှစ်တွင်ပျူမြို့ဟောင်း(၃)မြို့ဖြစ်သည့်ဟန်လင်း၊ဗိဿနိုး၊သရေခေတ္တရာမြို့ဟောင်းများကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်သတ်မှတ်ခံခဲ့ရပြီးဖြစ်ကြောင်း၊၂၀၁ရခုနှစ်တွင်ပုဂံဒေသအတွက်ကမ္ဘာ့အမွေအနှစ်စာရင်းအောင်မြင်စွာတင်သွင်းနိုင်ခဲ့ပြီးဖြစ်သည်ကိုသိရှိကြမည်ဖြစ်ကြောင်း၊ယခုမြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို၂၀၁ရခုနှစ်၊သြဂုတ်လမှစတင်ကာအဖွဲ့များဖွဲ့စည်းပြီး၂၀၁၉ခုနှစ်အမီကမ္ဘာ့အမွေအနှစ်စာရင်းအောင်မြင်စွာတင်သွင်းနိုင်ရေးအတွက်ဌာနဆိုင်ရာများ၊ပြည်တွင်းပြည်ပပညာရှင်များ၊ ပြည်နယ်အစိုးရအဖွဲ့၊ ဒေသတွင်းရှိ အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသည်ကမ္ဘာအဆင့်တစ်နေရာရှိသည့်အမွေအနှစ်များဖြစ်ကြောင်းသက်သေပြလိုခြင်း၊မိမိတို့အမွေအနှစ်များကိုကမ္ဘာအဆင့်ထိန်းသိမ်းမှုများဆောင်ရွက်လိုခြင်း၊ကမ္ဘာ့နိုင်ငံအသီးသီးကပိုမိုစိတ်ဝင်စားကာတန်ဖိုးထားလေ့လာမှုပိုမိုများပြားလာနိုင်ခြင်းစသည့်ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်နေခြင်းဖြစ်သလိုအဓိကကျသောပင်မအချက်တစ်ခုမှာမိမိတို့၏အမွေအနှစ်တို့သည်စစ်မှန်သောထိန်းသိမ်းစောင့်ရှောက်နိုင်မှုဖြင့်ရေရှည်တည်တံ့စေလိုခြင်းအတွက်နိုင်ငံတကာပညာရှင်များ၊မိမိတို့နိုင်ငံကကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်းဆွေးနွေးမှုဖြင့်ရလဒ်ကောင်းများရယူလိုသည့်ရည်ရွယ်ချက်ဖြစ်ပါကြောင်း၊မြောက်ဦးဒေသတွင်ရှိသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရေရှည်တည်တံ့နိုင်ရေး၊ကမ္ဘာ့အမွေအနှစ်အဆင့်အတန်းမီဖြစ်ကြောင်း၊ပိုမိုထင်ရှားပေါ်လွင်စေမည့်ရလဒ်အဖြေများကိုပူးပေါင်းညှိနှိုင်းဆုံးဖြတ်ကာမြောက်ဦးဒေသအတွက်ကောင်းမွန်သော ရလဒ်များရယူနိုင်ရန်ဆောင်ရွက်နိုင်မည်ဟုယုံကြည်မိကြောင်းကမ္ဘာ့အမွေအနှစ်စာရင်း အချိန်မီတင်သွင်းနိုင်ရေးနှင့် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါရန် ပြောကြားပါသည်။
ဆက်လက်၍ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊တက်ရောက်လာကြသည့်ပြည်တွင်း/ပြည်ပပညာရှင်များ၊ကော်မတီ၊ဆပ်ကော်မတီဝင်များကလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊လုပ်ငန်းလိုအပ်ချက်များဆက်လက်ဆောင်ရွက်ရန်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ညှိနှိုင်းဆွေးနွေးကြပြီးအစည်းအဝေးကိုဇန်နဝါရီလ (၂၂)ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

 

HOT NEWS
January 4,