လွှတ်တော်ဆိုင်ရာ သံတမန်ပညာရပ်နှင့် နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

လွှတ်တော်ဆိုင်ရာ သံတမန်ပညာရပ်နှင့် နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ


Ministry of Information/ နေပြည်တော် / January 25, 2019
image_latest


နေပြည်တော်၊ ဇန်နဝါရီလ ၂၄

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် Learning Center (Room3) ၌ ကျင်းပသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံး ဝန်ထမ်းများအတွက် လွှတ်တော် ဆိုင်ရာ သံတမန်ပညာရပ်နှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အဖွင့်အမှာစကား ပြောကြားရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံး ဝန်ထမ်းများကို လွှတ်တော်ဆိုင်ရာ ဒေသတွင်းနှင့် နိုင်ငံတကာ အစည်းအဝေးများ တက်ရောက်ရာတွင် လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရာတွင် လည်းကောင်း၊ လိုအပ်သည့် စွမ်းရည်များ၊ ကျွမ်းကျင်မှုများ ရရှိစေရေးအတွက် စွမ်းဆောင်ရည် မြှင့်တင် ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း။

ယခုလို လွှတ်တော်ဆိုင်ရာ သံတမန်ပညာရပ်နှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း ဖွင့်လှစ်နိုင်ခြင်းဟာ ပထမဆုံးအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး မြန်မာလွှတ်တော်များ အနေဖြင့် နိုင်ငံတကာ အစည်းအဝေးများ၊ နိုင်ငံတကာ လွှတ်တော်များနှင့် ထိတွေ့ဆက်ဆံရာတွင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ် မြှင့်တင်နိုင်ရန်၊ နိုင်ငံ၏ ရပ်တည်ချက် မူဝါဒများနှင့် သံတမန် ဆက်ဆံရေး လုပ်ထုံးလုပ်နည်း များအား ကောင်းစွာသိရှိသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ လုပ်ငန်းများကို ထောက်ပံ့ကူညီနိုင်မည့် အရည်အသွေးရှိသော လွှတ်တော်ရုံး ဝန်ထမ်းများ ဖြစ်လာနိုင်စေရေးအတွက်လည်း ရည်ရွယ်ပါကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးများနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

၎င်းသင်တန်းတွင် လွှတ်တော်အတွင်းရှိ နိုင်ငံတကာ အစည်းအဝေး အတွေ့အကြုံများရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ၊ ကော်မတီ၊ ကော်မရှင်များမှ ပညာရှင်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပညာရှင်များ၊ မိတ်ဖက် အဖွဲ့အစည်းများမှ နိုင်ငံတကာရေးရာ ကျွမ်းကျင်ပညာရှင်များက နိုင်ငံတကာ ဆက်ဆံရေးသမိုင်း၊ နှစ်နိုင်ငံဆက်ဆံရေး အခြေခံအချက်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာ နိုင်ငံရေး ဆက်စပ်ဖြစ်ပေါ်မှုများ၊ AIPA , IPU စသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် အချက်များ၊ အာဆီယံဆိုင်ရာ သိကောင်းစရာများ၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းများနှင့် ပဋိဉာဉ် ဘာသာရပ်တို့ကို ကဏ္ဍအလိုက် ပို့ချသွားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးများမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား၊ သင်တန်းသူ (၆၆) ဦး တက်ရောက်ကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,