မြန်မာ-ကိုးရီးယား နှစ်နိုင်ငံပူးပေါင်းပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်မည်

မြန်မာ-ကိုးရီးယား နှစ်နိုင်ငံပူးပေါင်းပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်မည်


Ministry of Information/ နေပြည်တော် / February 11, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၁

မြန်မာ-ကိုးရီးယား နှစ်နိုင်ငံပူးပေါင်းပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်နိုင်ရန် အတွက် တွေ့ဆုံဆွေးနွေးမှုကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် တို့ တက်ရောက်ဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဗရတ်ဆင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးနှင့် မြန်မာ-ကိုးရီးယား ခရီးသွား လုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် JBJ Entertainment ကုမ္ပဏီ ဥက္ကဋ္ဌ Ms. Jeong Bunja နှင့် ကိုယ်စား လှယ်များ တက်ရောက်ကြပြီး တောင်ကိုရီးယားနိုင်ငံမှ အထင်ကရ ရုပ်သံကုမ္ပဏီတစ်ခု ဖြစ်သည့် SBS TV Channel နှင့် ပူးပေါင်း၍ မြန်မာ-ကိုရီးယား ခရီးသွားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ မြန်မာနိုင်ငံ၏ပုံရိပ်ကို ရုပ်သံရိုက်ကူးမှုဖြင့် တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေး နိုင်ရေး၊ မြန်မာ-ကိုရီးယား ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် Tourism Brand Promoter အဖြစ် ဆောင်ရွက်ခွင့် ရရှိရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။

မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူးပေါင်းပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်နိုင်ရေး အတွက် ဒေါက်တာမိုးနီလွင်၏ ဝတ္ထု၊ ဇာတ်ညွှန်းကို ကိုရီးယားနိုင်ငံမှ တွဲဖက်ဒါရိုက်တာ အပါအဝင် နိုင်ငံတကာအဆင့်မီ ရိုက်ကူး/ ထုတ်လုပ်ရေး အဖွဲ့များဖြင့် ပူးပေါင်း၍ ကိုရီးယားနှင့် မြန်မာနိုင်ငံတို့မှ  နာမည်ကြီး အမျိုးသားသရုပ်ဆောင်တစ်ဦးစီ ရွေးချယ်ပြီး မြန်မာနိုင်ငံမှ အမျိုးသမီး သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ဖြင့် ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင်  ခံစားတင်ပြမည့် “တစ်ခါကဆောင်း” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို  ရိုက်ကူးမည် ဖြစ်ကြောင်း၊ ထိုသို့ ရိုက်ကူးမှုကို ကိုရီးယားနိုင်ငံမှ ဆိုးလ်၊ ဘူဆန်နှင့် အခြားမြို့ကြီး များတွင်လည်းကောင်း၊ မြန်မာနိုင်ငံမှ မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ ပုဂံမြို့များနှင့် ရှမ်းပြည်နယ် အင်းလေးဒေသ၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း၌လည်း ကောင်း နှစ်နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်မှုကို ဦးတည်၍ ချစ်ခြင်းမေတ္တာနှင့် သစ္စာတရားကို အခြေခံကာ ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,