ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်


Ministry of Information/ နေပြည်တော် / February 11, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၁

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏  (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉  နာရီခွဲတွင် နေပြည်တော် ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် တက်ရောက်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမြို့မြို့အနယ်နယ်ရှိ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့်  မိမိတို့၏ ရုံးများကို ရပ်ရွာတွင်  မရှိမဖြစ်နေရာတစ်ခုအဖြစ်မြင်လာအောင် လုပ်ဆောင်ကြရန် လိုအပ် ကြောင်း၊    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်   အများပြည်သူကို သတင်းအချက် အလက်ပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းနှင့် သတင်းစုဆောင်းခြင်း  လုပ်ငန်းများ၊ အများပြည်သူကို အစိုးရကိုယ်စား ထိတွေ့ဆက်ဆံပေးရသည့် လုပ် ငန်းများကို လုပ်ဆောင်ရကြောင်း၊  ယခုအခါ  လူထုအခြေပြုဗဟိုဌာန (Community Centre) များအဖြစ် ပြောင်းလဲ၍  အများပြည်သူအချင်းချင်းဆက်ဆံရေးနှင့် အများပြည် သူနှင့်  အစိုးရအကြား    ထိတွေ့ ဆက်ဆံပေးရသည့်   အလုပ်များကို လုပ်ဆောင်ကြ ရပါကြောင်း၊  တချို့နေရာများတွင်  လူထုအခြေပြုဗဟိုဌာနများကို  တက်တက်ကြွကြွ ဖြင့် အကောင်အထည်ဖော် ဆောင် ရွက်နေသူများကို တွေ့ရှိရသဖြင့်  အသိအမှတ်ပြု ခံရသည်ကို သိရှိရပါကြောင်း ၊ ၎င်းတို့အား အတုယူပြီး လုပ်ကိုင်ကြစေလိုပါကြောင်း  ပဏာမ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် ဝန်ထမ်းများနှင့် တွေ့ဆုံသည့် အချိန်တိုင်းတွင် ပြောကြားသည့် အချက်တစ်ချက်ရှိပါကြောင်း၊ ယင်းမှာ ဌာနအလုပ်ကို  ထမ်းဆောင်ရင်းဖြင့် မိမိကိုယ်တိုင်လည်း တိုးတက်အောင် ဆောင်ရွက် ရမည်ဆိုသည့် အချက်ဖြစ်ပါကြောင်း၊  ဝန်ထမ်းများအနေဖြင့် ဌာနအလုပ်များကို စိတ်ပါဝင်စားစွာ ထမ်းဆောင်ခြင်းအားဖြင့် မိမိကိုယ်တိုင်လည်း တိုးတက်မှု ရရှိနိုင်မည် ဖြစ်ပါကြောင်း၊  ဝန်ထမ်းတစ်ဦးသည် အလုပ်တစ်ခုကို ကောင်းကောင်းမွန်မွန် မှန်မှန် ကန်ကန်ဖြင့် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နေပါက အခြားလူများက တွေ့မြင် အားကျ လာကာ ပူးပေါင်းပါဝင်ချင်သည့် စိတ်ဖြစ်ပေါ်လာပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများသည် အလုပ်လုပ်ကိုင်ရာတွင်  တာဝန်အရ ဆောင်ရွက်ခြင်း ထက် စိတ်ပါ ဝင်စားစွာ၊  ကောင်းမွန်စွာ လေးလေးနက်နက်ဖြင့် တန်ဖိုးထား လုပ်ဆောင်သင့် ပါကြောင်း ။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့်   ကလေးစာပေပွဲ တော်များ၊ စာတမ်းဖတ်ပွဲများ၊ စာပေဆွေးနွေးပွဲများ ကို လုပ်ကိုင်ခဲ့ပါကြောင်း၊ ထိုအလုပ် များကို စတင်လုပ်ကိုင်စဉ်ကပင် အောင်မြင်မှုရှိသည်ကို မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊ လိုအပ်နေသည့်အလုပ်တစ်ခုဖြစ်သည့်အတွက် အံဝင်ခွင်ကျဖြစ်ပြီး အောင်မြင် ခြင်းဖြစ်ပါကြောင်း၊  ကလေးစာပေပွဲတော်များကို  ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင် ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်    တိုင်း ဒေသကြီး နှင့်  ပြည်နယ်အဆင့်၊  ခရိုင်အဆင့် နှင့် ဒေသအစီအစဉ်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ   ကျင်းပနိုင်ခဲ့ပါကြောင်း၊ ပြည်သူတိုင်း စာပေဖတ်ရှုသည့် အလေ့အထ တိုးတက်လာစေရန်အတွက် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှုကို  လည်း ၂၀၁၈ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပခဲ့ပါကြောင်း၊

 လူထုအခြေပြုဗဟိုဌာနများတွင် ပြည်သူ့စကားဝိုင်းများကို အကောင်အထည် ဖော်လျက် ရှိပါကြောင်း၊ ဝိုင်းဖွဲ့ပြီး ဆွေးနွေးသည့်အလေ့အထမှာ  ယခင်က မရှိခဲ့သော် လည်း  ယခုအခါ စတင်သက်ဝင်နေပြီဖြစ်ပါကြောင်း၊ ယင်းမှာ လွတ်လပ်စွာ ပြောဆို ဝေဖန်တတ်စေရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းတတ်သည့်  အလေ့အထများ ဖြစ်ပေါ် လာစေရန် ရည်ရွယ်ပါကြောင်း၊ ပြည်သူ့စကားဝိုင်းများကို များစွာပြုလုပ်ပေးခြင်းဖြင့် အများပြည်သူအရည်အသွေး တက်လာမည်ဖြစ်ပါကြောင်း    ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရိုင်အဆင့် လုပ်ငန်းဆောင်ရွက်နိုင်မှု ပထမဆုရ ပြင်ဦးလွင်ခရိုင်ရုံး၊ ဒုတိယဆုရ မြောင်းမြခရိုင်ရုံးနှင့် တတိယဆုရ မြစ်ကြီးနား ခရိုင်ရုံးတို့မှ ဝန်ထမ်းများအား ဆု ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မြို့နယ်အဆင့် လုပ်ငန်း ဆောင်ရွက်မှု ပထမဆုရ ပုသိမ်ကြီးမြို့နယ်၊ ဒုတိယဆုရ နတ်မောက်မြို့နယ်နှင့် တတိယဆုရ ပုဇွန်တောင်မြို့နယ်ရုံးတို့မှ ဝန်ထမ်းများအား လည်းကောင်း၊  အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က စာပေနှင့် ဖိတ်ခေါ် ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြ သည့် ဝန်ထမ်းများအားလည်းကောင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်မျိုးမြင့်က သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ဝန်ထမ်း များအား လည်းကောင်း ဆု ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်   ဦးရဲနိုင်က သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ဝန်ထမ်းများ အား ဆုပေးအပ် ချီးမြှင့်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှ ဝန်ထမ်းများအတွက် ဌာန နှစ်ပတ်လည် အမှတ်တရအဖြစ်   အင်္ကျီ ၂၇၅၁ ထည်ကို   ပေးအပ်သည်။

ထို့နောက် “ ပြည်သူ့အတွက် တို့ပြန်/ဆက်”  ဗွီဒီယိုကို ပြသပြီး ဆုရရှိသူများ ကိုယ်စားဆုရရှိသူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဗလာမပါ ကံစမ်းမဲ ဖောက်ပေးသည့် အစီအစဉ်ကို ကျင်းပခဲ့ပြီး  ကံစမ်းမဲ ဆုကြီးများ ကံထူးသည့် ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ဆုများ ပေးအပ်သည်။

နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားအပြီးတွင်  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာကြသူများ၊ ဆုရရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,