(၁၀၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံသို့ တက်ရောက်ရန် အတွက် အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေး

(၁၀၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံသို့ တက်ရောက်ရန် အတွက် အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေး


Ministry of Immigration & Population/ နေပြည်တော် / February 15, 2019


နေပြည်တော်၊ ဖေဖေါ်ဝါရီလ ၁၄

၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပမည့် (၁၀၈) ကြိမ်မြောက် အပြည် ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံသို့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ် များဖြင့် သုံးပွင့်ဆိုင်တက်ရောက်နိုင်ရေးအတွက် အလုပ်သမားကိုယ်စားလှယ်တစ်ဦး ရွေးချယ် ပေးရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်(၁၃:၀၀) နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ(၂) တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းနှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (CTUM)၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာအလုပ် သမားသမဂ္ဂများအဖွဲချုပ် (AFFM-IUF)၊ မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) တို့မှ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပါသည်။

ညှိနှိုင်းအစည်းအဝေးတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပမည့် (၁၀၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံသို့တက်ရောက်မည့် အလုပ် သမားကိုယ်စားလှယ်ကို ဝန်ကြီးဌာနမှ ကြားဝင်ဆောင်ရွက်ပေးရခြင်းမရှိဘဲ အချင်းချင်းညှိနှိုင်း ရွေးချယ်ပေးကြရန်နှင့် အဖွဲ့ချုပ်များအချင်းချင်းညှိနှိုင်းရွေးချယ်၍မရပါက ILO Criteria နှင့် အညီဆောင်ရွက်ကြရာမှာဖြစ်ကြောင်း၊ ယခုနှစ်သည် ILO ၏ နှစ် ၁၀၀ ရာပြည့်ရောက်ရှိသည့် နှစ်ဖြစ်သည့်အတွက်လည်း အလုပ်သမားကိုယ်စားလှယ်ကို အဖွဲ့ချုပ်များအချင်းချင်းညီညီညွတ် ညွတ်ညှိနှိုင်းရွေးချယ်ပေးခြင်းဖြင့် နိုင်ငံအတွက် ကောင်းမွန်သောပုံရိပ်ကို ပြသနိုင်မည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကိုယ်စားလှယ်များမှလည်း ၄င်းတို့ အချင်းချင်းညှိနှိုင်းဆောင်ရွက်၍ အကြောင်းပြန်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

HOT NEWS
January 4,