မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ ဆက်လက်ကျင်းပ ကျောက်မျက်အတွဲ ၅၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ၆၉ တွဲရောင်းချနိုင်ခဲ့

မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ ဆက်လက်ကျင်းပ ကျောက်မျက်အတွဲ ၅၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ၆၉ တွဲရောင်းချနိုင်ခဲ့

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / March 15, 2019
image_latest


နေပြည်တော်၊ မတ် ၁၄

၂၀၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ကျောက်မျက် အတွဲစုစုပေါင်း ၆၉ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့သည်။
ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၅၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြခဲ့ရာ ကျောက်မျက် အတွဲ ၆၉ တွဲကို ယူရိုငွေ ၁ ဒသမ ၀၂၄သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရ သည်။
(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌ မတ် ၂၀ ရက် အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မတ် ၁၅ ရက်တွင် ကျောက်စိမ်းအတွဲ အမှတ် ၁ မှ ၁၂၀၀ အထိလည်းကောင်း၊ မတ် ၁၆ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၁၂၀၁ မှ ၂၄၀၀ အထိ လည်းကောင်း၊ မတ် ၁၇ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၂၄၀၁ မှ ၃၆၀၀ အထိလည်းကောင်း၊ မတ် ၁၈ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၃၆၀၁ မှ ၄၈၀၀ အထိ လည်းကောင်း၊ မတ် ၁၉ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၄၈၀၁ မှ ၆၀၀၀ အထိလည်း ကောင်း၊ မတ် ၂၀ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် ၆၀၀၁ မှ ၆၉၇၃ အထိလည်းကောင်း ခင်းကျင်းပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မျက်ရတနာပြပွဲသို့ တရုတ်၊ ထိုင်း၊ ဩစတြေးလျ၊ အမေရိကန်နှင့် အိန္ဒိယ နိုင်ငံတို့မှ ပြည်ပ ရတနာကုန်သည်စုစုပေါင်း၂၉၀၅ ဦးနှင့် ပြည်တွင်းရတနာကုန်သည်၁၅၉၂ ဦး စုစုပေါင်းရတနာ ကုန်သည် ၄၄၉၇ ဦး တက်ရောက်ရန် မှတ်ပုံတင် ထားပြီး ယနေ့ပြပွဲသို့ ပြည်တွင်းပြည်ပ ရတနာ ကုန်သည် အများအပြားတက်ရောက်ကြသည်။
သတင်း- မွှေးကြူဇင်
ဓာတ်ပုံ- အေးသန်း
 

အထူးသတင်း
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်လှစ်
  •           
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ
  •           
  • စတုတ္ထအကြိမ် Animation Workshop သို့ လူငယ် ၅၀ ကျော် စိတ်ဝင်စားစွာတက်ရောက်ခဲ့
  •           
  • အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်များ AA အဖွဲ့ လုပ်ဆောင်လာ
  •