နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်နှင့်သာယာဝတီ ခရိုင်တို့ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်နှင့်သာယာဝတီ ခရိုင်တို့ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ


Ministry of Information/ ပြည် / March 15, 2019
image_latest


ပဲခူး၊ မတ် ၁၄

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒေါက်တာအောင်သူနှင့် ဒေါက်တာမြင့်ထွေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ ရဟတ်ယာဉ် များဖြင့်ထွက်ခွာရာ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ သို့ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးဝန်ကြီး ဦးညွန့်ရွှေ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ပြည်မြို့လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့သည် မော်တော်ယာဉ် များဖြင့် သရေ ခေတ္တရာမြို့ဟောင်းရှိ သီရိခေတ္တရာပြတိုက်သို့ရောက်ရှိကြရာ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းလွင် က သရေခေတ္တရာမြို့ဟောင်း၏ နောက်ခံသမိုင်း၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ရရှိခဲ့သည့်စံနှုန်းများ၊ သုတေသနလုပ်ငန်းဆောင် ရွက်မှုများ၊ ပြည်တွင်းပြည်ပ ဧည့်သည် တော်များအား ယဉ်ကျေးမှုအမွေအနှစ်နှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုများ၊ ပြည်ပနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုအပါအဝင် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြခန်းဆောင်များအတွင်းခင်း ကျင်းပြသထားသည့် ယဉ်ကျေးမှုအမွေအနှစ်များကို လှည့်လည် ကြည့်ရှုပြီး သီရိခေတ္တရာ ပြတိုက်ဧည့်သည်တော် မှတ်တမ်း တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မော်တော်ယာဉ်များဖြင့် သရေ ခေတ္တရာမြို့ဟောင်း ရှိ နန်းတော်ရာနေရာ၊ ရဟန္တာကန်နေရာများကို လှည့်လည်ကြည့်ရှု ပြီး ဘောဘောကြီးစေတီတော် မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း၊ သစ်သီးနှင့် အမွှေး နံ့သာတိုင်များ ကပ်လှူပူဇော်ကာ စေတီတော် မြတ်အား ဖူးမျှော်ကြည်ညိုသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အထွေထွေရောဂါကုဆေးရုံကြီး (ခုတင် - ၅၀၀) သို့ ရောက်ရှိပြီး ဆေးကုသမှုခံယူလျှက်ရှိသူများအား ကြည့်ရှုအားပေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်မြို့ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ပြည်ခရိုင်အတွင်းရှိ ရပ်မိရပ်ဖများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က “အခုဆိုရင် တိုင်း/ပြည်နယ် တော်တော်များများကို ရောက်ပြီး ဖြစ်နိုင်တဲ့နေရာတိုင်း ပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေ လုပ်ပါတယ်။ တွေ့ဆုံပွဲတွေ လုပ်ရတဲ့ အကြောင်းကတော့ ကျွန်မတို့ ပြည်သူလူထုရဲ့ အခြေ အနေကို သိရအောင် ပြည်သူလူထုကလည်း မိမိ်တို့ သိချင်တဲ့ကိစ္စတွေကို သိအောင် ဖြစ်ပါတယ်။
“ပြည်သူလူထုနဲ့တွေ့ဆုံပွဲတွေ လုပ်တယ်ဆိုတာလည်း ပစ္စုပ္ပန်အခြေအနေကို သုံးသပ် ချင်လို့ပါ။ ပစ္စုပ္ပန်အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်မှ အနာဂတ်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် တွေချနိုင်မှာဖြစ်ပါတယ်။ ပြည်သူတွေနဲ့တွေ့တဲ့အခါ ပြည်သူ တွေရဲ့ မေးခွန်းတွေဟာ ကျွန်မတို့ အတွက် အဓိက ကဏ္ဍဖြစ်ပါတယ်။ အဲဒီလိုမေးတဲ့ နေရာမှာ ကျွန်မတို့မေးသမျှမေးခွန်း၊ ပြောသမျှ စကားများဟာ ကျွန်မတို့ နိုင်ငံရဲ့ အကျိုးကို ဦးတည်တဲ့စကားများဖြစ်ပါစေလို့ သတိပေးချင်ပါတယ်။ တစ်ယောက် ယောက်ကို တိုက်ခိုက်ချင်လို့ိ၊ အဖွဲ့အစည်းတစ်ခုခုကို တိုက်ခိုက်ချင်လို့ အစိုးရကို တိုက် ခိုက်ချင်လို့ မဟုတ်ဘဲ နိုင်ငံရဲ့အကျိုးကိုဦးတည်ပြီးတော့ ပြောဆိုချက်တွေ မေးခွန်း တွေဖြစ်စေချင်ပါ တယ်။
“ ဒီလိုမေးခွန်းတွေ အကြောင်းအရာတွေကတူပေမယ့် အကြောင်းအရာတွေကို ချဉ်းကပ်တဲ့ နေရာမှာတစ်နေရာနဲ့တစ်နေရာ မတူဘူးဆိုတာ လည်းသတိပြုမိပါတယ်။ တစ်တိုင်းပြည်လုံးမှာ တူတဲ့ လိုအပ်ချက်တွေရှိပါတယ်။ ဥပမာဆိုရင် အခြေခံအားဖြင့် ကျွန်မက ရောက်ရာအရပ်မှာ သတိရတိုင်း အမှိုက်မပစ်ဖို့ဆိုပြီး ပြည်သူလူထုကို သတိပေး ပါတယ်။ အမှိုက်မပစ်ဖို့ သတိပေးတာဘာလို့ လဲဆိုတော့ အမှိုက်ပစ်တယ် ဆိုတာ ပတ်ဝန်း ကျင် ညစ်ညမ်း ရုံတင်မက၊ ပတ်ဝန်းကျင် အကျည်းတန် ရုံတင်မက ကျန်းမာရေးကိုလည်း ထိခိုက်တဲ့အနေအထားအထိ ဖြစ်နိုင်ပါတယ်။ ပတ်ဝန်း ကျင်ကို သန့်သန့်ရှင်းရှင်းမထားဘူး၊ အမှိုက်ပစ်တယ်ဆိုတာ က်ိုယ့်ရဲ့နိုင်ငံကို မလေးစားရာ၊ တန်ဖိုးမထားရာ ရောက်ပါတယ်။
“ဒီလိုအမ်ှိုက်ပစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောလာတဲ့နေရာတွေမှာ ချည်းကပ်တဲ့ ပြဿနာတစ်ခု၊ အခြေအနေတစ်ခု၊ ကိစ္စရပ်တစ်ခုကို ချည်းကပ်တဲ့ ပုံမတူတာကို ပြောရရင် မုံရွာမှာ ပြည်သူလူထုနဲ့တွေ့ဆုံပွဲ လုပ်တဲ့အခါမှာ ပြည်သူတစ်ယောက်က အမှိုက်တွေ ရှင်းရေးကိစ္စမှာ စည်ပင်က တာဝန်မကျေတဲ့ကိစ္စ၊ ကျွန်မတို့လာမှ အမှိုက်တွေရှင်းတဲ့ ကိစ္စကို တင်ပြတယ်။ ဒါပေမယ့် ကျွန်မက ပြန်ပြီးမေးတယ်။ ကိုယ်ကရော ပစ်ချင်တဲ့ နေရာပစ်ပြီး စည်ပင်က တာဝန်မကျေပါဘူးလို့ ပြောနေတာလား ဆိုတော့ အဖြေက ရှင်းရှင်းလင်းလင်းမပေါ်လာဘူး။
“နောက်တစ်နေရာမှာ ကျွန်မပြောခဲ့တဲ့ကိစ္စက ထမံသီမှာပါ။ ပထမကတော့ ထမံသီ ပြည်သူလူထုက လိုအပ်ချက်တွေကို တင်ပြလာတယ်။ လုံး၀လောဘ မပါပါဘူး။ တကယ့် အခြေခံလိုအပ်ချက်တွေပါ။ ဥပမာဆိုရင် သောက်ရေသန့် လိုအပ်ချက်၊ လမ်းပန်း ဆက်သွယ်ရေးလိုအပ်ချက်၊ လျှပ်စစ်မီးတွေ လိုအပ်ချက်၊ နောက်ပြီးတော့ ဆရာဝန်တွေ လိုအပ်ချက် ဒါတွေကတော့ အခြေခံလိုအပ်ချက်တွေပါ။ တစ်နိုင်ငံလုံးရဲ့ လိုအပ်ချက် တွေကို ရောင်ပြန်ဟပ်နေတဲ့ကိစ္စဖြစ်ပါတယ်။
“ဒါပေမယ့် ကျွန်မကလည်း ထုံးစံအတိုင်း ကိုယ့်ရပ်ကိုယ့်ရွာကို သန့်သန့်ရှင်း ရှင်းထားနိုင်ဖို့ တာဝန်ရှိတယ်၊ ကိုယ့်ရပ်ကိုယ့်ရွာကို လေးစားဖို့တာဝန်ရှိတယ်၊ အမှိုက် တွေတွေ့ရတယ်၊ ဒါဘယ်သူ ပစ်ထားတာလဲလို့မေးတော့ ရဟတ်ယာဉ်ဆင်းလို့ လေတိုက် တော့ အမှိုက်တွေက ပွလာတယ်လို့ ပြောတယ်။ ဘယ်သူ့ကိုမှ လွှဲချတာ၊ လက်ညိုး ထိုးတာမဟုတ်ပါဘူး။
နောက်တစ်ခုက ဒလမှာ တံတားပန္နက်ရိုက်တဲ့ကိစ္စ ကျွန်မလုပ်ခဲ့တယ်။ ဒလ ဘက်ခြမ်းမှာ ကမ်းနားက ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်။ အဲဒီမှာ ကမ်းနားမှာထိုင်ပြီး ကြိုနေတဲ့ ပြည်သူတွေနဲ့ စကားပြော ပါတယ်။ အဲဒီတုန်းကလည်း အမှိုက်တွေ ဘယ်သူ ပစ်တာလဲဆိုတော့ သူတို့ သွက်သွက်လက်လက်ပဲ ကျွန်တော်တို့ပစ်တာပါလို့ ပြန်ဖြေတယ်။ ကျွန်မက သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ပစ်တာ ဆိုတာသိမှပဲ နောင်မပစ်ဘဲနဲ့ နောင်အခြေအနေ ပိုပြီးကောင်းအောင် လုပ်နိုင် မှာပါ။ အဲဒီတော့ ကျွန်မ ပြောချင်တာက အခွင့်အရေးနဲ့ တာဝန်နှစ်ခုစလုံးကိုကြည့်ပါ၊ အများ မှာ တာဝန်ရှိတယ် လို့ထင်ရင် ကိုယ့်မှာရော ဘာတာဝန်ရှိသလဲဆိုတာ ပြန်ပြီးတော့ ကြည့်စေချင်ပါတယ်။
“ဒီတော့ ကိုယ့်မှာ ပြောပိုင်ခွင့်ရှိတယ်။ အခု ဒီမိုကရေစီစံနှုန်းစံထားအရ၊ လုပ်ထုံး လုပ်နည်းအရ ကိုယ်ကနေပြီးတော့ ကိုယ့်ရဲ့ ကိုယ့်နိုင်ငံမှာ အုပ်ချုပ်ရေးတာဝန်ကို ယူထားတဲ့သူတွေကို ဝေဖန်ပိုင် ခွင့်ရှိတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ဝေဖန်ဖို့ဆို တာကတော့ ပထမဦးဆုံး လူတိုင်း လူတိုင်းရဲ့ တာဝန်ပဲလို့ ကျွန်မအနေနဲ့ ယူဆပါတယ်။
“ပြည်သူလူထုကလည်း တာဝန်ယူပါ။ ဒါမှ ပြည်သူလူထု တင်ထား၊ တင်မြှောက် ထားတဲ့ အစိုးရက လည်း ပြည့်ပြည့်၀၀ တာဝန်ယူနိုင်မယ့် အနေအထားကို ရောက်သွား မှာပါ။ အစိုးရရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ အားလုံးကလည်း ပြည်သူထဲက ပြည်သူတွေ ပဲဆိုတာကို မမေ့ပါနဲ့။ ဒီပြည်သူ တွေက တင်မြှောက်ထားလို့ ပြည်သူထဲက ပြည်သူ တွေပဲ အုပ်ချုပ်ရေး တာဝန်ကို ယူထားတာ ဖြစ်ပါတယ်။
“ကျွန်မတို့ အစိုးရမှာ အဓိက ဘာဖြစ်လို့ တာဝန်ရှိသလဲဆိုတော့ အစိုးရရဲ့ တာဝန် တွေကို ထမ်း ဆောင်နေတဲ့ လူတွေက ရွေးကောက်ပွဲမှာ ဝင်ပြီးတော့၊ ယှဉ်ပြိုင်တုန်းက ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရယူပြီးတော့ ယှဉ်ပြိုင်ခဲ့တာ။ ပြည်သူလူထုရဲ့ ထောက်ခံ မှုကိုရခဲ့လို့ ဒီတာဝန်ကို ထမ်းဆောင်နိုင်တာ။ အဲဒီတော့ ကျွန်မတို့က ဒီတာဝန်ကို ဘယ်တော့မှ မမေ့ရဘူးဆိုတာကို ထပ်တလဲလဲ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေကို ပြောပါတယ်။
“အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ နှစ်ပိုင်းရှိပါတယ်။ ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရပိုင်းဆိုင်ရာနဲ့ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်း များဆိုတာ ဘယ်အစိုးရတက်တက်၊ ဘယ်ရွေးကောက်ပွဲက ဘယ်သူပဲတက်လာ တက်လာ ပြည်သူကနေပြီးတော့ ရွေးချယ်လိုက်တဲ့ ပုဂ္ဂိုလ်တွေကို မှန်မှန်ကန်ကန်၊ သစ္စာရှိရှိနဲ့ လက်တွဲပြီးတော့ နိုင်ငံ့အကျိုးအတွက် ထမ်းဆောင်ရ မှာဖြစ်ပါတယ်။
“အရင်တုန်းက အစိုးရနဲ့ ပိုပြီးအဆင်ပြေတယ်၊ ဒီအစိုးရနဲ့ အဆင်မပြေဘူး၊ ဒီလိုဟာမျိုးတွေ ကျွန်မ မကြားချင်ပါဘူး။ အရင်တုန်းက မလုပ်သင့်၊ မလုပ်ထိုက်တာ တွေကို လုပ်ခဲ့တယ်ဆိုရင် ဆက်ပြီးတော့ မလုပ်ပါနဲ့တော့။ အဲဒီစိ်တ်တွေလည်း ပယ်ဖျက်လိုက်ပါ၊ ဖျောက်လိုက်ပါ၊ ထပ်မလုပ်ပါနဲ့။ ဖြစ်ပြီးတာ တွေက ဖြစ်သွားပြီ။ ကျွန်မတို့ အနာဂတ်အတွက် အခုပစ္စုပ္ပန်မှာ မှန်မှန်ကန်ကန်နဲ့ လျှောက်လှမ်း သွားရမှာ ဖြစ်ပါတယ်။
“ကျွန်မတို့ အချင်းချင်း ပြည်သူလူထုနဲ့ ပြည်သူလူထုကြားထဲမှာရှိတဲ့ အစုအဖွဲ့ တွေ အခုဆိုရင် အစုအဖွဲ့တွေကလည်း အများကြီးပဲ။ ဒီအစုအဖွဲ့တွေက ဘယ်သူ့ကို ကိုယ်စားပြုတယ်၊ ဘယ်လို ယုံကြည်ချက်ရှိတယ်၊ ဘာကိုမျှော်မှန်းတယ်ဆိုတာလည်း၊ အားလုံးသိဖို့ဆိုတာ ခက်ပါတယ်။ ပြည်သူ လူထုကလည်း ဒါတွေသိဖို့ စဉ်းစားရမယ်။ ဘယ်တော့မှာ လွယ်လွယ်ကူကူနဲ့ ပြောတာ၊ ဆိုတာ၊ စည်းရုံးတာ၊ ဆွဲဆောင်တာကို လက်မခံပါနဲ့။ ပြည်သူလူထုဟာ ဆင်ခြင်တုံ တရားနဲ့ နေသွားမှ ဒီနိုင်ငံဟာ တန်ဖိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြောတိုင်းလည်း မယုံပါနဲ့။ ယုံသင့်၊ မယုံသင့် ကိုယ်ဟာကိုယ် ဆင်ခြင်ပါ။ ပြောတဲ့သူများဟာလည်း၊ ပြောတဲ့ပုဂ္ဂိုလ်များဟာလည်း သုဂတောဆိုတဲ့ ကျိုးရှိမှန်ကန်၊ သူခံသာတဲ့စကား ပြောရဲ့လားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ ဝေဖန်ကြပါ။
“ပထမဦးဆုံး အရေးကြီးတာက အကျိုးရှိသလား၊ မရှိသလားဆိုတာပါပဲ။ မမှန်တဲ့ ကိစ္စပြောပြီဆို ကတည်းက နောင်ပြောတဲ့ဟာတွေက ဘာမှအကျိုးမရှိတော့ဘူး။ မုသား စကားပေါ်မှာ အခြေခံပြီး တော့ လုပ်တဲ့လုပ်ရပ်တွေဟာ ဘယ်တော့မှလည်း အကောင်းမဖြစ် နိုင်ဘူး။ ဘယ်တော့ မှလည်း နိုင်ငံကို အကျိုးမပြုနိုင်ဘူး။
“ဒုတိယက မမှန်တဲ့စကားကို ပြောခြင်းအားဖြင့် ဘယ်သူ့ကို အကျိုးပြု နိုင်မလဲ။ အဓိက ကျွန်မတို့ တွေ့ဆုံတဲ့အခါမှာ နိုင်ငံအကျိုးပြုမယ့်စကား ဖြစ်သလား ဆိုတာ အဲဒါကို မေးရမှာဖြစ်ပါတယ်။ မိမိကိုယ်ကို ဖြောင့်ဖြောင့်မတ်မတ်မဆက်ဆံနိုင်တဲ့သူက အခြားသူ တွေကို ဘယ်လိုလုပ်ဖြောင့် ဖြောင့်မတ်မတ်ဆက်ဆံနိုင်မလဲ။ ဖြောင့်မတ်ခြင်း မရှိတဲ့သူက ဘယ်လိုလုပ် နိုင်ငံကို အကျိုးပြုနိုင်မလဲ။ ဒါကြောင့် အားလုံးဟာ အစိုးရ ဘက်ကပဲ ဖြစ်ဖြစ်၊ ဝန်ထမ်းတွေဘက်ကပဲဖြစ်ဖြစ်၊ ပြည်သူလူထု ဘက်ကပဲဖြစ်ဖြစ် ပြောတဲ့စကားများဟာ မှန်ကန်ဖို့အရေးကြီးသလို အကျိုးရှိဖို့လည်းအင်မတန်မှ အရေးကြီးပါ တယ်။
“အချို့ကိစ္စတွေကျတော့ အမှန်လည်းဖြစ်တယ်၊ နိုင်ငံအတွက် အကျိုးရှိမှာ ဖြစ်တဲ့ အတွက် ပုဂ္ဂိုလ်ရေး အရ၊ အဖွဲ့အစည်းအရ မကျေမနပ်ရှိနိုင်ပေမယ့်လည်း ပြောသင့် ပြောထိုက်တာ ပြောရတာ တွေလည်းရှိပါတယ်။ ဒါပေမယ့် ပြောပုံပြောနည်းလည်း ရှိပါတယ်။ ပြောပုံပြောနည်းတော့ ယဉ်ကျေးသိမ်မွေ့စေချင်ပါတယ်။ ဒါဟာ ကျွန်မတို့ နိုင်ငံရဲ့ တန်ဖိုးကို ဖြတ်တာပဲဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေ ဘယ်လောက် ယဉ်ကျေး သိမ်မွေ့သလဲ၊ နိုင်ငံသူ နိုင်ငံသားတွေ အပြောအဆို၊ အနေအထိုင် ဘယ်လောက် လိမ္မာသလဲဆိုတာဟာ နိုင်ငံတစ်နိုင်ငံရဲ့တန်ဖိုးကို ဖြတ်တာဖြစ်ပါတယ်။
“ကျွန်မတို့နိုင်ငံဟာ စိန်ခေါ်မှုတွေ အင်မတန်မှ များပါတယ်။ စိန်ခေါ်မှု မှန်သမျှ ကို အခွင့်အရေး ဖြစ်အောင် လုပ်နိုင်တဲ့အစွမ်းဟာ ကျွန်မတို့ဆီမှာပဲရှိပါတယ်။ အခြားပြင် ပကလာပြီးတော့ လုပ်ပေးလို့ မရပါဘူး။ ဒီလိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့နေရာမှာ အရေးကြီးဆုံးလိုအပ်တဲ့အရည်အချင်းကတော့ ညီညွတ်ခြင်းပါပဲ။ ကျွန်မတို့တွေ ညီညွတ်မှ နိုင်ငံရဲ့ပြဿနာတွေကို ကျော်လွှားနိုင်မှာပါ။ ကျွန်မတို့ နိုင်ငံဟာ နှစ်ပေါင်း များစွာ နောက်ကျ ကျန်ခဲ့တဲ့နိုင်ငံပါ။ ဒါကြောင့်လည်း စိတ်ဓာတ်ကျစရာအကြောင်း မရှိပါဘူး။ ပိုပြီးတော့ ကြိုးစားဖို့ပဲရှိပါတယ်။ လွတ်လပ်ရေးမရခင်တုန်းက ဖေဖေပြော သွားတဲ့စကားမှာ တခြားသူတွေ လမ်းလျှောက်တဲ့နေရာမှာ ကျွန်ုပ်တို့က ပြေးနိုင်မှ တော်တော်ရယ်ဆိုတာ အခုလည်းဒီအတိုင်းပါပဲ။ တစ်ခြားသူတွေက လမ်းလျှောက်နေ တဲ့နေရာမှာ ကျွန်မတို့ နိုင်ငံက ပြေးနိုင်ရမယ်။
“ကျွန်မတို့နိုင်ငံဟာ အင်မတန်မှ ပြေးဖို့လိုနေတဲ့နိုင်ငံဖြစ်တဲ့အတွက် ပြေးတဲ့အတွက် အနာကိုတော့ ရှောင်လို့မရဘူး။ ဒီအနာကိုခံနိုင်တဲ့သတ္တိ၊ သဘာ၀ဖြစ်အောင်လို့ မိမိ ကိုယ်ကိုပြုစုပျိုးထောင်ရမယ်။
ဒီအတိုင်းပဲ ကျွန်မတို့ နိုင်ငံဟာတိုးတက်ချင်တယ် ဆိုရင် ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် နဲ့ဂုဏ်ရောင် တောက်ချင်တယ်ဆိုရင် အားလုံးဟာ နိစ္စဓူ၀ အပင်ပန်းခံကြိုးစားရမှာဖြစ်ပါတယ်။ အားလုံးအတူတူလက်တွဲပြီး သွေးစည်းရမယ်။ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှု တွေဟာ အတူတူပဲဖြစ်လို့ တစ်လှေတည်းသွား နေတဲ့သူတွေက မိမိလိုချင်တဲ့ ကမ်းစပ်ကို ရောက်နိုင်တဲ့အထိ အားလုံးတက်ညီ လက်ညီသွားကြမယ်ဆိုတဲ့ စိတ်ဓာတ်တွေကို ထားစေချင်ပါတယ်။ ကျွန်မတို့ တာဝန် ထမ်းဆောင်နေတဲ့ ကာလမှာ လွတ်လွတ်လပ်လပ်ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့်၊ မေးပိုင်ခွင့်ရှိ တယ်။ အဲဒီလို အခွင့်အရေးတွေကို အလွဲသုံးစားမလုပ်ပါနဲ့ နိုင်ငံ့အကျိုး၊ ပြည်သူ ပြည်သားတွေ အကျိုးအတွက်သုံးပါ။ အဓိကအားဖြင့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုပြီး တော့ ဖွံ့ဖြိုးတိုးတက် ရေးအတွက်သုံးပါလို့ ကျွန်မအနေနဲ့မေတ္တာရပ်ခံချင်ပါတယ် " ဟု ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ ဒေသခံပြည်သူများကြိုတင် တင်ပြထားသည့် ပြည်မြို့နယ် မြို့ပြ သန့်ရှင်းသာယာလှပရေးလုပ်ငန်းအတွက် လိုအပ်သောရန်ပုံငွေများ ကို နိုင်ငံတော် သီးသန့် ထောက်ပံ့ရန်ပုံငွေခွင့်ပြုချထားပေးရေး၊ ပေါက်ခေါင်းမြို့နယ် တောင်နဝင်း ရေလှောင်တမံအနီး ရပ်သစ် - တောင်ရွှေလောင်းလမ်းကို ရာသီမရွေးသွား လာနိုင်သော ကျောက်ချောလမ်းဆောင်ရွက်ပေးနိုင်ရေး၊ တံတား ၂ စင်းနှင့် Box Culvert တစ်စင်း တည်ဆောက်ပေးရေး၊ ရွှေတောင်မြို့နယ် ညောင်စာရေး ကျေးရွာ မှ ဇီးကျွန်း ကျေးရွာအုပ်စု ဧရာဦးကျေးရွာသို့ ဆက်သွယ်သည့် ကုန်ထုတ်လမ်းကို ကွန်ကရစ် လမ်းအဖြစ်အဆင့် တိုးမြှင့်ဆောင်ရွက်ပေးရေး၊ ပန်းတောင်းမြို့နယ် ထုံးဘိုမှ အကောက် တောင်အထိ မြေသား လမ်းကို အဆင့်မြှင့်တင်ပေးနိုင်ရေးနှင့် ပေါင်းတည်မြို့နယ် ပေါင်းတည်- မှတ်တိုင်- ပေါက်တောလမ်းကို ရာသီမရွေးသွားလာနိုင်သောကတ္တရာ လမ်းမကြီးခင်းပေးနိုင်ရေး မေးခွန်း များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ခန်းမအပြင်ဘက်ရှိဒေသခံပြည်သူ ၅ ဦး မှ တင်ပြလာသည့် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်သင်ပညာသင်တန်းဝင်ခွင့် ဆိုင်ရာမေးခွန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြို့နယ်ဖွံဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ မြို့ ဟောင်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနိုင်ရေး၊ မြစ်ဆုံစီမံကိန်းနှင့်စပ်လျဉ်းသည့် မေးခွန်း၊ ရွှေတောင်မြို့နယ် အတွင်း သိမ်းဆည်းမြေယာဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တောင်နဝင်းဆည်ရေလှောင်တမံ ကြံ့ခိုင်မှုနှင့် ရေထုတ်တံခါး တည်ဆောက် ပေးနိုင်ရေးမေးခွန်းများနှင့် ခန်းမအတွင်းရှိဒေသခံပြည်သူ ၂ ဦးမေးမြန်းသည့်ရွှေတောင်ချည် မျှင်နှင့် အထည်စက်ရုံစပ်လျဉ်းသည့် လယ်ယာမြေသိမ်းဆည်းခံ ရခြင်းဆိုင်ရာကိစ္စ၊ ပန်းတောင်းမြို့နယ်၌ တပ်မတော်မှ သိမ်းဆည်းထားသည့် လယ်ယာမြေဆိုင်ရာ ကိစ္စရပ်များ ကို တင်ပြကြသည်။
ထို့နောက် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ များကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က လိုအပ်ချက်များကို ဖြည့်စွက် ရှင်းလင်းသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က မိမိတို့ပြည်သူများ၏ ပြဿနာ မှာ တစ်တိုင်း ပြည်လုံး အတူတူပင်ဖြစ်ပါကြောင်း၊ မိမိတို့သည် တစ်လှေတည်းစီးနေပြီး ပန်းတိုင်တစ်ခုတည်းကို ရောက်အောင်ကြိုးစားရ မည့်သူများဖြစ်ပါကြောင်း။
ပြည်သူလူထု အားလုံးပါဝင်ပြီး ဆွေးနွေးလိုကြသည်ကို သိပါကြောင်း၊ တတ်နိုင် သမျှ မျှမျှတတ ဖြစ်အောင်လုပ်ပေးပါကြောင်း၊ အားလုံးကို တန်းတူညီတူ အခွင့်အရေး ပေးလိုပါကြောင်း၊ သို့သော် တန်းတူညီတူ အခွင့်အရေးဆိုသည်ကို ပေတံနှင့်တိုင်းပြီး တိတိကျကျ လုပ်၍မရပါကြောင်း။
အားလုံး လုံးဝတန်းတူညီတူဟူ၍ မရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် အားလုံးကို မျှမျှတတလုပ်ပေးသည် ဆိုရာတွင် အားနည်းသူများကို ပိုပြီးကူညီရန်ဖြစ်ပါကြောင်း၊ ကူညီခြင်းသည် မျှတခြင်းဖြစ်ပါကြောင်း၊ ယင်းကိုမိမိတို့ချင့်ချိန်ပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားမည်ဖြစ်ပါကြောင်း။
ဤတိုင်းဒေသကြီးတွင် အခြားတိုင်းနှင့်ပြည်နယ်များကဲ့သို့ မှတ်ချက်ချရမည့် ကိစ္စမှာ တိုင်းအစိုးရနှင့် အစိုးရအဖွဲ့ဝင်များသည် ပြည်သူလူထုနှင့်ပိုပြီးထိတွေ့ရန်၊ ကွင်းဆင်းရန်၊ ရပ်ကျေးအထိရောက်ရှိပြီး ပြည်သူများ၏စကားကို နားထောင်ရန် ပြည်သူလူထု၏ ပြဿနာ များကို ပိုပြီးလေ့လာရန်လိုအပ် သည်ဟု ပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြား သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်အခမ်းသို့ တက်ရောက် လာကြသည့် ကျောင်းသား ကျောင်းသူလေးများနှင့် မှတ်တမ်းဓါတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ပြည်မြို့မှ ရဟတ်ယာဉ် များဖြင့် ထွက်ခွာ ခဲ့ကြပြီး မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် "သာယာဝတီမြို့သို့ရောက်ရှိကြရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ် ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သာယာဝတီမြို့ ဆရာစံခန်းမ၌ လွှတ်တော်ကိုယ် စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သာယာဝတီ မြို့သူမြို့သား တွေဟာ အစဉ်အလာ အားဖြင့် အင်မတန်မှခံနိုင်ရည် ရှိတယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ နိုင်ငံရေးတက်ကြွ တယ်ဆိုတာ လည်း သိပါတယ်။ နိုင်ငံရေးတက်ကြွရင် မှန်မှန်ကန်ကန် တက်ကြွဖို့လိုပါတယ်။ မဟုတ်တဲ့နေရာ မှာသွားပြီး တက်ကြွရင် နိုင်ငံကို အကျိုးမပြုပါဘူး။ သာယာဝတီရဲ့ကောင်းတဲ့အစဉ်အလာတွေကို ထိန်းထားပြီးတော့ မှန်မှန်ကန်ကန်တက်ကြွ ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်မတို့ပြည်သူတွေ နေပူကြီးထဲမှာ ဇွဲနပဲနဲ့ စောင့်နေ တာဟာ ဘာတွေကိုကျွန်မတို့က ပြန်ဖြေမလဲဆိုတာ သိချင်လို့ပဲ ဖြစ်ပါတယ်။
"ပြည်သူတွေ ကိုအုပ်ချုပ်တဲ့တာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေကြားထဲမှာ အမြဲပဲ ထိတွေ့မှုဟာ ရှိနေ ရမယ်။ တစ်ယောက်ရဲ့အသံကို တစ်ယောက်ကနားထောင်ရမယ်။ တစ်ယောက်ကို ဖြေရှင်းခွင့် တစ်ယောက်ကပေးရမယ်။ တစ်ခါတစ်လေဆိုရင် အုပ်ချုပ် တဲ့အပိုင်းကနေ ပြီးတော့ ပြည်သူတွေပြော တာနားမထောင်ဘူး။ ငါတို့ပြောတာပဲလုပ် ဆိုပြီး အဲဒီလိုပြော ချင်စိတ်ရှိတယ်။ တစ်ခါတစ်လေ ပြည်သူတွေကလည်း အုပ်ချုပ် တဲ့ဘက်က ပြန်ပြော တာကိုမကြားချင်ဘူး။ ကျွန်တော်တို့ပြောချင် တာပဲပြောမယ်။ ကျွန်တော်တို့ လိုချင် တာပဲ တင်ပြမယ်ဆိုပြီး ပြန်ပြီးတော့ အဖြေကို နားမထောင် ကြဘူး။ အဲဒီလိုဆိုရင် ကျွန်မတို့ တိုးတက်နိုင်မှာမဟုတ်ပါဘူး။ နှစ်ဖက်စလုံးဟာ တစ်ဖက်ရဲ့ အသံကိုနားထောင် ယုံသာမက နားထောင်ချင်တဲ့စိတ်ရှိရမယ်၊ သိချင်တဲ့စိတ်ရှိရမယ်၊ အဲဒီလိုသိချင် တဲ့စိတ်ရှိ မှကျွန်မတို့လဲ သိနိုင်မှာပါ။ နောက်ဆုံးကျတော့ ဆန္ဒပါပဲ။ ဆန္ဒရှိမယ်ဆိုရင် ဘယ်လို ပြဿနာမျိုးမဆို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
"ကျွန်မတို့ မနက်တုန်းက ပြည်မှာလည်း ပြည်သူလူထုနဲ့တွေ့ခဲ့ပါတယ်။ ပြည်မှာ ပြည်သူလူထု နဲ့မတွေ့ခင် သီရိခေတ္တရာပြတိုက်ကို သွားပြီးကြည့်ပါတယ်။ သွားကြည့် တဲ့အခါမှာ ကျွန်မတို့နိုင်ငံ သည် သမိုင်းအရရပ်တည်ခဲ့တာကြာပြီ၊ ဒီမြေပေါ်မှာပဲ နေခဲ့ရ တာဟာ နှစ်များထောင်နဲ့ချီပြီးတော့ ရှိနေပြီ၊ အခုထိကျွန်မတို့ နိုင်ငံဟာ ငြိမ်းချမ်း ရေးမရ နိုင်ဘူးလား ဆိုတာကို စဉ်းစားစရာအများ ကြီးဖြစ်ပါ တယ်။ တကယ်တော့ အများစုဟာ တစ်နေရာထဲကနေပြီးတော့ ပေါက်ဖွားလာကြတာပါ။ မိမိတို့ရဲ့ တူညီတဲ့ အရာတွေကို ကြည့်ရင် အားလုံးအတူတူပါပဲ။ မတူကွဲပြားတာတွေကိုပဲ ဦးစားပေး ကြည့်ရင် မတူကွဲပြား တာပဲ။ မတူကွဲပြားမှုကိုတောင်မှ အင်အားအဖြစ် သုံးလို့ရပါတယ်။ တကယ်ပဲ မတူကွဲပြား မှုကို အင်အားအဖြစ် သုံးချင်တယ်ဆိုရင် အင်မတန်မှအရာ ရောက်မှာပါ။ တစ်ယောက် မလုပ်နိုင်တဲ့ကိစ္စကို နောက်တစ်ယောက် က လုပ်နိုင်တယ်။ တစ်ယောက်မှာ မရှိတဲ့ အခြေအနေ နောက်တစ်ယောက်မှာရှိတယ်။ အားလုံး မတူကွဲပြားမှုတွေကို စုစည်းပြီးတော့ မှ အင်အားဖြစ် နိုင်မှာပါ။ ကျွန်မတို့နိုင်ငံဟာ လုံးဝတိုးတက်ရမယ်ဆိုတာ ယုံကြည်တယ်။ တိုးတက်မှုဘယ် လောက်မြန်တယ်၊ ဘယ်လောက်နှေးတယ်ဆိုတာ ပြည်သူ ပြည်သား အားလုံးအပေါ်မှာ မူတည်ပါတယ်။ တစ်ယောက်အတွက်မဟုတ်ဘူး။ အများကောင်းဖို့ အတွက် လုပ်တယ်ဆိုတာ အများကောင်းမှလည်း တစ်ယောက်ကောင်းနိုင်မှာပါ။ မျှတ မှုဟာအင်မတန်မှ အရေးကြီးပါတယ်၊ အားလုံးမျှမျှတတ တစ်ဦးပေါ်တစ်ဦးမေတ္တာထားရ မယ်၊ အပြန်အလှန်နားလည်မှုပေးနိုင်ရမယ်၊ အပြန်အလှန်လေးစားမှုရှိရမယ်၊ မိဘနဲ့သား သမီး ကြားမှာတောင်မှ အပြန်အလှန်လေးစားမှုရှိရမယ်။
"ထိုနည်းလည်းကောင်း နိုင်ငံအတွင်းမှာလည်း ဒီလိုပါပဲ အားလုံးဟာ ကိုယ် ဘယ်လောက် ပေးနိုင်လဲဆိုတာ အဓိက ကြည့်ကြပါလို့ ကျွန်မထပ်တလဲလဲ ပြောပါတယ်။ ဒါပေမယ့်လည်း ကိုယ်ပေးနိုင်တာဘာရှိလဲလို့မကြည့်ပဲနဲ့ ရနိုင်တာ ဘာရှိလဲပဲ ကြည့်ချင် နေတဲ့ တချို့ပုဂ္ဂိုလ်တွေ ကြောင့် ကျွန်မတို့နိုင်ငံရဲ့ တိုးတက်မှုဟာ အင်မတန်မှ မနှေးသင့် ပဲနဲ့ နှေးသွားရပါတယ်။ ဒါ့ကြောင့် ဒီကနေ့ကစ ပြုပြင်ရမှာပါ။ ဘယ်လိုပဲ အခက်အခဲ တွေရင်ဆိုင်ရ ရင်ဆိုင်ရ အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ အရည်အချင်းတွေ အခြေခံအားဖြင့် ကျွန်မတို့ပြည်သူ ပြည်သားတွေမှာ ရှိပါတယ်။ ဒီအရည်အချင်းတွေကို ပြုစုပျိုးထောင်ပေးဖို့ ဖော်ထုတ်ပေးဖို့ပါ။
"အဓိကအားဖြင့် ကျန်းမာရေး၊ ပညာရေးကို အာရုံစိုက်တယ်ဆိုတာ ဒါတွေ ကြောင့်ပါ။ ကျန်းမာရေးဆိုတာ ရုပ်ပိုင်းဆိုင်ရာ ပြည်သူပြည်သားများ တိုးတက် အောင်၊ ဖွံ့ဖြိုးအောင်၊ ပညာရေးကတော့ စိတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ပိုင်းဆိုင်ရာ၊ ဖွံ့ဖြိုးတိုးတက်မှု ရှိအောင် ကြိုးစားသွားရတာပါ။ ကျွန်မတို့ ပြည်သူများဟာ ကြိုးစား တဲ့အထဲမှာ အားလုံး ပါဝင်ကြပါ။ အစိုးရပဲလုပ်လို့မဖြစ်ပါဘူး။ အစိုးရကိုပဲ အားကိုးရင် ဒီမိုကရေစီဆန်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ကို ယုံကြည်တယ်ဆိုတာဟာ ပြည်သူကိုတန်ဖိုးထားတဲ့ စနစ်မို့ ယုံကြည်တာပါ။ ပြည်သူကိုတန်ဖိုး မထားပဲနဲ့ ဒီမို ကရေစီကို ယုံကြည်ပါတယ်လို့ ပြောတဲ့သူတွေကတော့ အမှန်တရားပြောနေတာ မဟုတ်ပါဘူး။ ပြည်သူကို အခြေခံတဲ့ စနစ်ကို ယုံကြည်ရင် ပြည်သူကို ယုံကြည်ရပါမယ်။
"ပြည်သူတွေနဲ့ တွေ့ဆုံပွဲလုပ်တယ်ဆိုတာဟာ ဒီမိုကရေစီစနစ်ကို အကောင် အထည်ဖော်တဲ့အထဲမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ပြည်သူနဲ့ အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ သူတွေကြားထဲမှာ ဆက်စပ်မှုရှိနေဖို့ အမြဲတမ်း လိုအပ်ပါတယ်။ ဝန်ထမ်းတွေကလည်း ပြည်သူတွေနဲ့ ထိတွေ့မှုရှိရမယ်။ ပြည်သူတွေရဲ့ ပြဿနာတွေ စိန်ခေါ်မှုတွေကို နားလည်ရမယ်။ ပြည်သူတွေကလည်း ဝန်ထမ်းတွေရဲ့ ပြဿနာတွေ စိန်ခေါ်မှုတွေကို နားလည်ရမယ်။ အားလုံးဟာ အတူတူဖြေရှင်းရမယ့် ပြဿနာတွေ ရှိတယ်ဆိုတာကို နှလုံးသွင်းထားဖို့လိုပါတယ်။
"ဒီနိုင်ငံမှာ ဘယ်နေရာမဆို ရင်ဆိုင်နေရတဲ့ ပြဿနာတွေက အတူတူတွေပါပဲ။ ကိုယ့်အချင်းချင်း တွေပါ ဆိုတဲ့စိတ်ထားကြပါ။ ကိုယ်ချင်းစာကြပါ။ လမ်းတွေလို ချင်တယ်။ လျှပ်စစ်မီးလိုချင်တယ်။ ကျန်းမာရေးစောင့်ရှောက်မှုလိုချင်တယ်။ ပညာရေး နဲ့ပတ်သက်လို့ ကျောင်းကောင်းတွေလိုချင်တယ်။ လိုချင်တာတွေကတော့ အများကြီး ပါပဲ။ ဒါပေမယ့် ကျွန်မတို့နိုင်ငံက အခုမှပြန်ပြီးတော့ အရှိုန်ယူနေရတဲ့ နိုင်ငံဆိုတော့ အားလုံးကိုတော့ ချက်ချင်းဖြည့်ဆည်း ပေးနိုင်မှာမဟုတ်ပါဘူး။ ဦးစားပေး စီမံကိန်း တွေရေးပြီး ဖြည့်ဆည်းရပါတယ်။
"နိုင်ငံတော်အစိုးရအနေနဲ့ ဘယ်စီမံကိန်းတွေကို ဦးစားပေး ရမလဲဆိုတော့ ပထမ ဆုံး နိုင်ငံရေးအရ ကြည့်ရမယ်။ နိုင်ငံရေးအရကြည့်ရတယ်ဆိုတာ ပြည်ထောင်စု တည်တံ့ ခိုင်မြဲဖို့၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ဖို့ ၊ ပြည်ထောင်စုအတွက် ညီညွတ် မှုရှိဖို့ အဲဒါတွေ ဦးတည်ပြီးတော့ တချို့စီမံကိန်းတွေကို ဦးစားပေးပြီးတော့ ရွေးရပါ တယ်။ နိုင်ငံအတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှု ညီညီမျှမျှဖြစ်ဖို့ ကြိုးစားရမှာပါ။ ဒါ့အပြင် လူမှုရေးအရ၊ စီးပွားရေး အရလည်း ကြည့်ရပါတယ်။ စီးပွားရေးတွက်ချက်မှုနဲ့ နိုင်ငံရေးတွက်ချက်မှုက တစ်ခါ တစ်လေမတူပါဘူး။ မတူတဲ့အခါကြတော့ ဘယ်ဟာက ရေရှည်မှာ နိုင်ငံအတွက် အကျိုးပြုမလဲ ဆိုတာ ကြည့်ပြီးတော့ လုပ်ရပါတယ်။ ကျွန်မတို့ ထိပ်တန်းအရေးအကြီးဆုံး၊ အရေးအပါဆုံး၊ ဦးစားပေးရမယ့် ကိစ္စက ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးပဲ ဖြစ်ပါတယ်။
"ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးကို ကူညီပေးမယ့် ထောက်ပံ့ပေးမယ့်၊ အားပေး မယ့်၊ စီမံကိန်းတွေဟာ ကျွန်မတို့အတွက် အရေးအကြီးဆုံးစီမံကိန်းဖြစ်ပါတယ်။ တချို့ လမ်းပန်း ဆက်သွယ်ရေးတွေဟာ ဦးစားပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စု အတွင်းမှာ ဆက်သွယ်ရေးကောင်းမှ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးနီးစပ်လာပြီး တကယ့်ညီရင်း မောင်နှမတွေလို ဖြစ်လာစေမှာပါ။ ဒါကြောင့် တချို့လမ်းတွေကို ကျွန်မတို့ ဦးစားပေးပြီး တော့လုပ်ရပါတယ်။ နောက်ပြီးလမ်းတွေ ဆောက်လိုက်ပြီ၊ လျှပ်စစ်မီးတွေ သွယ်လိုက်ပြီ ဆိုရင် အရင်ဆုံးက မတိုးတက်တဲ့ဒေသတွေက မြန်မြန်ဆန်ဆန် ဖွံ့ဖြိုး တိုးတက်လာတာ ကိုလည်း သတိပြုမိပါတယ်။ ဒေသခံတွေ ကိုယ်တိုင်က စီးပွားဖြစ် အလုပ် ကလေးတွေ ဖော်ဆောင်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလိုလမ်းတွေ ကောင်းလာလို့၊ ဆက်သွယ်ရေး တွေကောင်းလာလို့၊ လျှပ်စစ်မီးတွေရလာလို့ဆိုပြီး သူတို့ရဲ့ တိုးတက်မှု တွေကို ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်တဲ့ အခွင့်အရေးတွေရလာပါတယ်။
"နောက်ဆုံး ကျွန်မပြောချင်တဲ့ကိစ္စကတော့ ကျွန်မတို့ စစ်ကိုင်းတိုင်းမှာ ရာသီဥတု ကြောင့် ရဟတ်ယာဉ်နဲ့ ထမံသီ ကိုဆင်းပြီး ပြည်သူတွေနဲ့တွေ့ပါတယ်။ အဲဒီ ပြည်သူ တွေထဲက လူငယ်တစ်ယောက်က ကျွန်မကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင် ပြောင်းလဲရေး အကြောင်းကို မေးပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင် ပြောင်းလဲရေးကိစ္စမှာ ပြည်သူ တွေရဲ့ဆန္ဒ ဘာရှိလဲဆိုတာ သိချင်ပါတယ်ဆိုပြီး မေးပါတယ်။ ဒါဟာတကယ့် နိုင်ငံရေး စိတ်ဓာတ်ပဲ၊ ကိုယ့်နိုင်ငံရဲ့ စိန်ခေါ်မှုတွေကို တကယ်ပဲစိတ်ဝင်စားတာ၊ တကယ်ပဲ ကိုယ်နဲ့ လည်းဆိုင်တယ်လို့ သတ်မှတ်တဲ့ ပုဂ္ဂိုလ်များဟာ တကယ့်နိုင်ငံရေးသမားတွေပါ။ နိုင်ငံ့ အရေးကို လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့နိုင်ငံရေး အစဉ် အလာပြည့်လှတဲ့ သာယာဝတီ ပြည်သူပြည်သားများဟာ နိုင်ငံရေးသားကောင်းတွေ ဖြစ်ပါစေ၊ နိုင်ငံရေးသမားကောင်းတွေ ဖြစ်ပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်းပေးပါတယ်။ ဆက်ပြီးတော့လည်း ဒီလိုပဲဖြစ်အောင် သွားကြမယ်လို့လည်း ကျွန်မယုံကြည် ပါတယ်" ဟု ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများက စာဖြင့်ပေးပို့မေးမြန်းလာသည့် လက်ပံတန်း မြို့နယ်ရှိ မဟာဗျူဟာလမ်းအား အဆင့်မြှင့်တင်ပေးရန်၊ဧရာဝတီမြစ် အနောက်ဘက် ခြမ်းရှိ ဟင်္သာတမြို့ နယ်နှင့်ဆက်သွယ်သည့် ဧရာဝတီမြစ်ကူးတံတားတည်ဆောက်ပေးရန်၊ မိုးညို မြို့နယ်နှင့်ဧရာဝတီ တိုင်းဒေသကြီး မြန်အောင်မြို့နယ် ပတ်လမ်းနှင့်မြစ်ကူးတံတား တစ်စင်း တည်ဆောက်ပေးရန်၊ နတ်တလင်းမြို့နယ် နတ်တလင်း- ဒမငယ် အရှည်(၁၂)မိုင် (၅)ဖာလုံအား ကတ္တရာလမ်းခင်း လျက်ရှိရာ ကျန်ရှိသောလမ်းပိုင်းအား ဆက်လက် ဆောင်ရွက်ပေးရန်၊ သာယာဝတီခရိုင်တွင် တစ်နှစ် လျင် တက္ကသိုလ်ဝင်တန်း အောင်မြင် သူ (၄၀၀၀)ဦးခန့်ရှိရာ တက္ကသိုလ်ကျောင်း တစ်ကျောင်းချ ထားပေးရန်၊ မြစ်မခချောင်းအား ပြန်လည်တူးဖော်ဆောင်ရွက်ပေးပါက မြို့နယ် ၆ မြို့နယ်တွင် ရေကြီးနစ်မြှုပ်မှု နည်းပါး သွားနိုင်သဖြင့် ကွင်းဆင်းစိစစ်တူးဖော်ပေးရန် မေးခွန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒေသခံပြည်သူ(၅)ဦးမှ မေးမြန်းလာသည့် နှစ်ပေါင်းများစွာ အသုံးပြုလာသည့် အများသုံး ရေကန်အား ခြံစည်းရိုးခတ်ကာ ရေကန်အားသိမ်းဆည်းပြီး ပြည်သူရှစ်ဦးအား တရားစွဲ ဆိုထားမှုကြောင့် တရားရင်ဆိုင်နေကာ ၊အမှုရင်ဆိုင်နေရသူများ အလုပ်အကိုင်များပျက်၍ စားဝတ် နေရေးဒုက္ခရောက်နေသဖြင့် အမှန်အတိုင်းဖြစ်စေရေး ဆောင်ရွက်ပေးရန်၊ တောင်သူများ လုပ်ကိုင်စား သောက်နေသော ကိုင်းမြေများအား သိန်းရွှေကုမ္ပဏီမှ သိမ်းယူ ထားမှုအား ဖြေရှင်းပေးရန်၊ နတ်တလင်းမြို့နယ် မယက ဦးသန်းလှိုင်နှင့် ပုဂ္ဂလိက လုပ်ငန်းရှင် နှစ်ဦးဖြစ်သော ဦးဇော်လွင်ဦးနှင့် ဦးထွန်းထွန်းတို့က တစ်ဧက တစ်သောင်းခွဲ နှုန်းဖြင့် အတင်းအဓမ္မ လယ်မြေသိမ်းဆည်းမှု ဖြေရှင်းပေးရန်၊ ပုံစံ(၇)ကျပြီး မြေလွတ် မြေပုံမရှိ၍ လယ်သမားနှင့်အင်းသမား ပြဿနာဖြစ်နေ သဖြင့်ပုံစံ (၇)ကျပြီး (၁၀၅) မြေလွတ်မြေပုံ ထုတ်ပေးရန်၊ မြစ်ခြားထားသည့် လက်ပံတန်းမြို့နယ်နှင့် ဟင်္သာတမြို့နယ် တို့တွင် ဟင်္သာတမြို့နယ်အား ကူးတို့လေလံဆွဲခွင့်ပြု ထားပြီး လက်ပံတန်းမြို့နယ် အား ကူးတို့လေ လံဆွဲခွင့်မရသည့်အပေါ် စီစစ်ပေးရန် မေးခွန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒေသခံပြည်သူ (၃)ဦးမှ မေးမြန်းလာသည့် ကျည်းကုန်းမြို့နယ်တွင် ၂၀၁၄ ခုနှစ်က မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဇီးကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် တို့က ပုံစံ(၁၀၅) ထွက်ပြီး မြေသိမ်းဆည်းမှုအား စစ်ဆေးပေးရန်၊သာယာဝတီမြို့တွင် ယာဉ်ကြော ကြပ်တည်းမှု ကင်းဝေးစေရန်နှင့် မြို့အင်္ဂါရပ်နှင့်ညီရန် လမ်းတိုးချဲ့ရာတွင် လမ်းမလွတ် သည့် မီးရထားပိုင်မြေနေရာ အား ဖယ်ရှားပေးရေးအတွက် သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်အလိုက်ဘဏ္ဍာငွေ ဘတ်ဂျတ်ချ ထားပေးရာတွင် သာယာဝတီခရိုင်သည် ဘတ်ဂျတ်ရရှိမှုအနည်းဆုံး ဖြစ်နေပါဖြင့် တန်းတူ ညီမျှ ဘတ်ဂျတ်ချထားပေးရေး မေးခွန်းများနှင့်စပ်လျဉ်း၍လည်းကောင်း တင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ဆောင်ရွက်ပေးမည့် အခြေအနေ များကို ပြန်လည်ရှင်းလင်းကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အကျယ်တဝင့် ဖြည့်စွက် ရှင်းလင်းပြောကြားသည်။
ထို့နောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ်အမှာ စကားပြောကြား ရာတွင် မိမိတို့အနေဖြင့် ပြည်သူများနှင့် တွေ့သည့်အခါ မြေပိုင်ဆိုင်ခွင့် ကိစ္စပြောလာသည်ကို သတိပြုမိပါကြောင်း၊ ၁၉၈၈ ခုနစ် မိမိန်ိုင်ငံရေးစလုပ်စဉ်က သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက် သွယ်မှု ကောင်းမွန်ရေး၊လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စများကို ပြည်သူများက တောင်းဆိုကြပါကြောင်း၊ မြေယာကိစ္စ များသည် ၂၀၁၂ ခုနစ် လွှတ်တော်၏ ဆုံးဖြတ်ချက်ချပြီးမှ ပေါ်လာသည့် ကိစ္စများဖြစ် ကြောင်း၊ လယ်မြေကိစ္စများကို လွှတ်တော်က ဆုံးဖြတ်လိုက်သည်မှာ မတရားသဖြင့် သိမ်းဆည်းခံလိုက်ရသည့် လယ်ယာမြေများကို မူလပိုင်ရှင်ထံ ပြန်ပြီးပေးရန်ဖြစ် ပါကြောင်း၊ သို့သော်လည်း သတ်မှတ်ချက်မူများရှိပါကြောင်း၊ ၁၉၈၈ ခုနစ်နောက်ပိုင်း သိမ်းသည့် မြေများ ဖြစ်ရမည်ဖြစ်ပါကြောင်း။
အဆိုပါ ကိစ္စများသည် ဖြေရှင်းရ အင်မတန်ခက်ခဲကြောင်း၊ လက်ရှိပိုင်ရှင်များက မစွန့်လွှတ်ချင်၍ အမျိုးမျိုးအချိန်ဆွဲသည်များလည်း ရှိပါကြောင်း၊ ဒုတိယမှာ အုပ်ချုပ်ရေး ပိုင်းက မပီပြင်၍လည်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားခြင်းနှင့် အလုပ်ကို ပိုင်ပိုင်နိုင်န်ိုင် မလုပ်နိုင်သည့် အခြေအနေကြောင့် လည်း ဖြစ်ပါကြောင်း၊ အရှုပ်အရှင်း များရှိပါက တရား စီရင်ရေးက ဝင်ရောက်ဖြေရှင်းရမည့် ကိစ္စဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး ဖက်က လိုအပ်ချက် လည်း ရှိပါကြောင်း၊ ထိုလိုအပ်ချက်များ အားလုံးကို ဖြေရှင်းရခြင်းသည် မလွယ်ကူပါ ကြောင်း၊ ထိုကိစ္စကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်ပြီး လုပ်ဆောင် နေပါ ကြောင်း၊ ထဲထဲဝင်ဝင် ကြိုးစားလုပ်ဆောင် နေပြီး လစဉ်လည်း တိုးတက်မှုများရှိပါ ကြောင်း၊ မိမိတို့ ပြည်သူများအကြား ပဋိပက္ခများ မလိုအပ်ဘဲ ဆက်လက် မရှင်သန်စေချင်သည့် အတွက်ဖြစ်ပါကြောင်း။
နောက်တစ်ခုမှာ စီးပွားရေးတိုးတက်ရန် အတွက် လယ်ယာမြေ ပိုင်ဆိုင်မှုများသည် ပြတ်သားရန် အင်မတန်အရေးကြီးပါကြောင်း၊ ထိုအချက်များအပေါ် အခြေခံ၍ မိမိတို့၏ လူမှုရေးတည်ငြိမ်မှု အရသာမက စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက်ပါ လယ်ယာမြေကိစ္စ များကို အမြန်ဆုံး ဖြေရှင်းရန် မိမိတို့ ကြိုးစားနေကြောင်း၊ အဖက်ဖက်ကလည်း ဝိုင်းဝန်းပြီး ကူညီကြစေလိုကြောင်း၊ မတရားသဖြင့် သိမ်းပိုက်ထားသည့် ပိုင်ရှင်များကလည်း စွန့်လွှတ် လိုက်ရန်၊ မတော်မတရားဆက်ပြီး ဖက်တွယ်မထားသင့်ရန်၊ အုပ်ချုပ်ရေး အပိုင်းကလည်း အားစိုက်ထုတ်ကြရန်၊ ပြည်သူများ၏ ပြဿနာကို မြန်မြန် ဆန်ဆန်ဖြေရှင်းနိုင်ရန် ကြိုးစားကြစေလိုကြောင်း။
ပြည်သူများအနေဖြင့်လည်း မြန်မြန်ဆန်ဆန်ဖြင့် ပြဿနာများ ဖြေရှင်းနိုင်ရန် ဦးတည်ပြီး မည်သို့ အကျိုးအမြတ် ထုတ်ရမလဲဆိုသည့် ပုံစံဖြင့်မကြည့်ဘဲ ပြဿနာများ ပြေလည်သွားမှ အားလုံးအတွက် ကောင်းမွန်မည်၊ ကိုယ်အတွက်လည်း ကောင်းမည် ဆိုသည်ကို သဘောပေါက်စေချင်ပါကြောင်း။
အုပ်ချုပ်ရေးပ်ိုင်း ဆိုင်ရာ၏ အားနည်းချက်များကို တတ်နိုင်သလောက် ပံ့ပိုးပေး သွားမည်ဖြစ် ပါကြောင်း၊ အမှုများကိုလည်း အမြန်ဆုံးပြီးစီးအောင် စိစစ်ပေးမည်ဖြစ် ကြောင်း၊ အမြန်ဆုံးပပျောက် အောင် အားလုံးဝိုင်းဝန်းပြီး လုပ်ဆောင်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား၊ ကျောင်းသူလေး များနှင့် ဆရာစံခန်းမအတွင်း စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ပြီး ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာ သွားသည်။
(သတင်းစဉ်)
 

HOT NEWS
January 4,