အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁,၁၀၀ ကျော်ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၇) ခုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှခွင့်ပြု

အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁,၁၀၀ ကျော်ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၇) ခုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှခွင့်ပြု

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / March 15, 2019
image_latest


နေပြည်တော် မတ် ၁၅

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၁၁) ဦး တက်ရောက် ကြသည်။

အစည်းအဝေးတွင် ဂျပန်နိုင်ငံမှ ပန်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊ ဟောင်ကောင်မှ ပလတ်စတစ် မိုလ်နှင့် ပလတ်စတစ် အစိတ်အပိုင်းများ (အပိုပစ္စည်း) ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ မြန်မာနိုင်ငံမှ ပလတ်စတစ် ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ စင်ကာပူနိုင်ငံမှ floating storage unit for storage of LPG as transit point လုပ်ငန်း၊ မြန်မာနိုင်ငံမှ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းနှင့် hospitality and business management လုပ်ငန်းတို့ကို ခွင့်ပြုပေး ခဲ့သည်။

အထက်ပါလုပ်ငန်း (၇) မှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၇၁ ဒသမ ၇၈၆) သန်းနှင့် ကျပ်သန်းပေါင်း (၂,၈၅၄ ဒသမ ၇၄) ရှိပြီး၊ အဆိုပါလုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၁၆၁) ဦး ဖန်တီးပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

အထူးသတင်း
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်လှစ်
  •           
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ
  •           
  • စတုတ္ထအကြိမ် Animation Workshop သို့ လူငယ် ၅၀ ကျော် စိတ်ဝင်စားစွာတက်ရောက်ခဲ့
  •           
  • အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်များ AA အဖွဲ့ လုပ်ဆောင်လာ
  •