ကမ္ဘာ့ကဗျာများနေ့အထိမ်းအမှတ် ရန်ကုန်မြို့တွင် ကျင်းပ

ကမ္ဘာ့ကဗျာများနေ့အထိမ်းအမှတ် ရန်ကုန်မြို့တွင် ကျင်းပ


Ministry of Information/ ​နေပြည်တော် / March 22, 2019
image_latest


ရန်ကုန် မတ် ၂၁

မြန်မာနိုင်ငံအနှံ့အပြားရှိ ကဗျာဆရာ များသည် မတ် ၂၁ ရက်တွင် ကျရောက် သည့် ကမ္ဘာ့ကဗျာများ နေ့ အထိမ်းအမှတ် အဖြစ် ကဗျာရွတ်ဆိုမှုများကို ပြုလုပ်ခဲ့ ကြသည်။

မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂ အသင်း သည် ယနေ့မွန်းလွဲ ၂ နာရီက ကမ္ဘာ့ကဗျာ များနေ့ (၂၀၁၉) အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ လိပ်ပြာကန်ကျောင်းကြီးတိုက် တွင် ကျင်းပခဲ့ပြီး ကဗျာလူငယ်များ စုစည်း တည်ထောင်သည့် တနင်္ဂနွေကဗျာဝိုင်းသည် ကမ္ဘာ့ ကဗျာများ နေ့အထိမ်းအမှတ် အဖြစ် ကဗျာစာအုပ်မိတ်ဆက်ပွဲနှင့် ကဗျာရွတ်ဆိုပွဲကို ယနေ့ညနေ ၅ နာရီ တွင် ရန်ကုန်မြို့ အင်းလျားကန်ပေါင်တွင် ဆက်လက်ကျင်းပသည်။

မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ အသင်းက ကျင်းပသည့် ကမ္ဘာ့ကဗျာများနေ့ အခမ်းအနားတွင် ကဗျာ ဆရာများ ဖြစ်ကြသည့် ဆရာအောင်ခြိမ့်၊ ဆရာ သစ္စာနီ၊ ဆရာ မောင်ပြည့်မင်း၊ ဆရာ မိုဃ်း ဇော်၊ ဆရာ မိုးကျော်သူ၊ ဦးဇင်းတေးသီငှက် (မင်းဟန်ထွန်း) တို့က မုဒိတာ စကားပြောကြားခြင်း၊ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကဗျာ ဆရာသမဂ္ဂအသင်း ဥက္ကဋ္ဌ ဆရာမိုဃ်း ဇော်ကသဝဏ်လွှာဖတ်ကြားခြင်း၊ ကဗျာဆရာ ၃၂ ဦးက ကဗျာရွတ်ဖတ်ခြင်း၊ ကဗျာ ဆရာများ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ကဗျာလူငယ်များ စုစည်းတည် ထောင်သည့် တနင်္ဂနွေကဗျာဝိုင်းသည် ကမ္ဘာ့ကဗျာများနေ့ အခမ်းအနား အဖြစ် ကဗျာဆရာ အောင်ဇင်မင်းက အဖွင့်အမှာ စကား ပြောကြားခြင်း၊ ဆရာမဖြူမွန်၊ ဆရာမ ပန်ဒိုရာက မုဒိတာစကားပြော ကြားခြင်း၊ လူငယ်ကဗျာ ဗသင် ၏ ကဗျာ စာအုပ်မိတ် ဆက် ခြင်း၊ ကဗျာဆရာ ၂၁ ဦးတို့က ကဗျာရွတ်ဆိုခြင်းနှင့် ကျေးဇူးတင်စကားပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့ ကြသည်။

သတင်း-ရဲခေါင်ညွန့်
ဓာတ်ပုံ-လှမိုး

HOT NEWS
January 4,