မဟာသင်္ကြန် အကျနေ့ ရေလောင်းရေပက်ခံကြသူများ၊ စတုဒိသာ အလှူအတန်း ပြုလုပ်သူများဖြင့် ရန်ကုန်မြို့တစ်ဝန်း စည်ကားလျက်ရှိ

မဟာသင်္ကြန် အကျနေ့ ရေလောင်းရေပက်ခံကြသူများ၊ စတုဒိသာ အလှူအတန်း ပြုလုပ်သူများဖြင့် ရန်ကုန်မြို့တစ်ဝန်း စည်ကားလျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / April 14, 2019
image_latest


ရန်ကုန် ဧပြီ ၁၄

ယနေ့ မဟာသင်္ကြန် အကျနေ့တွင် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်၌ ပြည်သူချစ်သော အနုပညာရှင်များ၏ ဖျော်ဖြေ တက်ဆက်မှုများ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင် ဖျော်ဖြေတင်ဆက်မှုများကို လာရောက် ကြည့်ရှုအားပေးသူများ၊ ရေလောင်းရေပက်သူများ၊ ရေပက်ခံကားများဖြင့် စည်ကားလျက်ရှိနေပြီး ဗဟိုမဏ္ဍပ်အနီးရှိ မဟာဗန္ဓုလပန်းခြံ လမ်းလျှောက်သင်္ကြန်တွင်လည်း လာရောက်ရေကစားသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိနေသည်။

ရန်ကုန်မြို့ ပြည်လမ်းတစ်လျှောက်ရှိ ရေကစားမဏ္ဍပ်ကြီးများတွင် ရေပက်သူများဖြင့် စည်ကားလျက်ရှိပြီး အင်းလျား ကန်ဘောင်ရှိ လမ်းလျှောက်သင်္ကြန်နှင့် အင်းလျားလမ်း မြန်မာ့ရိုးရာ တိုင်းရင်းသား လမ်းလျှောက် အတာသင်္ကြန်၊ မြကျွန်းသာ လမ်းလျှောက်သင်္ကြန်တို့တွင်လည်း လာရောက်ရေကစားသူများဖြင့် စည်ကားလျက် ရှိနေသကဲ့သို့ ရန်ကုန်မြို့၏ နေရာအနှံ့တွင် စတုဒိသာ အကျွေးအမွေးများ၊ ပျော်ရွှင်စွာဖြင့် ရေလောင်း၊ ရေပက် ကစားကြသူများနှင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ကို အေးချမ်း ပျော်ရွှင်စွာဖြင့် ဆင်နွှဲလျက်ရှိသည်။

သုဝဏ္ဏနေ ကိုထွန်းထွန်းက “မိသားစုနဲ့ အင်းလျားလမ်းလမ်းလျှောက်သင်္ကြန်ကို လာတာပါ။ လမ်းလျှောက် သင်္ကြန်တွေက ရန်ကုန်မြို့မှာ ငါးနေရာလောက်ရှိတယ်။ အင်းလျားလမ်းလမ်းလျှောက် သင်္ကြန်ကတော့ တော်တော်စည်တယ်။ လူတွေများ တော့ မနည်းတိုးသွားနေရတယ်။ ဖျော်ဖြေရေးမဏ္ဍပ်မှာလည်း နာမည်ကြီးအဆိုတော်တွေလာကြတယ် ’’ ဟုပြောသည်။

ထို့အတူ ဗဟန်း၊ ရန်ကင်း၊ လသာ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ သင်္ဃန်းကျွန်း၊ ကမာရွတ်မြို့နယ် တို့တွင်လည်း ရေကစားမဏ္ဍပ်များတွင် ရေလောင်း ရေပက်သူများ၊ ရေပက်ခံကားများဖြင့် စည်ကားလျက်ရှိသည်။

ကျောက်တံတားမြို့နယ် သျှိုင်းရေကစားမဏ္ဍပ်၊ လသာမြို့နယ် ၁၉ လမ်းရှိ SKY NET ရေကစားမဏ္ဍပ်၊ ဗိုလ်တထောင် မြို့နယ် ၄၃ လမ်းအနီးရှိ ဗိုလ်တထောင် မိသားစု ရေကစားမဏ္ဍပ်နှင့် ကျွန်းတောလမ်းရှိ DR Z မိသားစုရေကစား မဏ္ဍပ်တို့တွင် ရေကစားခြင်းနှင့်အတူ စတုဒိသာ ကျွေးမွေးလှူဒါန်းလျက်ရှိပြီး သင်္ကြန်အတက်နေ့အထိ ကျွေးမွေး လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ မဏ္ဍပ်တာဝန်ခံများမှတဆင့် သိရသည်။

ဗိုလ်တထောင်မိသားစု ရေကစားမဏ္ဍပ်မှ ဒေါက်တာ သာဥာဏ်က “ဒီမဏ္ဍပ်က နှစ်တိုင်းလုပ်ဖြစ်တာ ၁၂ နှစ်လောက်ရှိပြီ။ မြို့နယ်မှာ ရပ်ကွက် ၁၀ ခုရှိတယ်။ အကြိုနေ့ကစပြီး သင်္ကြန်အတက်နေ့အထိ စတုဒိသာ ကျွေးမွေးလှူဒါန်းသွားမှာ ဖြစ်ပါတယ်။ သင်္ကြန်ဆို လူတိုင်းက ပျော်နေကြတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုပြီးစည်ကားအောင် လုပ်နေပါတယ်’’ ဟုပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သာကေတ၊ ဒေါပုံ၊ သင်္ကန်းကျွန်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနှင့် ရွှေပြည်သာ အစရှိသည့် မြို့နယ်များတွင်လည်း မိသားစု အုန်းလက်ရေကစား မဏ္ဍပ်များဖြင့် ရေပက်ကစားလျက်ရှိသည်ကို တွေ့ရသကဲ့သို့ သန်လျင်မြို့နယ်ရှိ လမ်းတစ်လျှောက် တွင်လည်း ရေကစားသူများ၊ စတုဒိသာ ကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိနေသည်။

ဒဂုံမြို့သစ် မြောက်ပိုင်းနေ ကိုမော်ကြီးက “ဒီနေ့တော့ ကိုယ်မြို့နယ်ထဲမှာပဲ လျှောက်လည်လိုက်တယ်။ ရေကစားမဏ္ဍပ် အကြီးကြီးတွေတော့ မတွေ့ရဘူး။ မိသားစု အုန်းလက်မဏ္ဍပ်လေးတွေကတော့ နေရာတိုင်းတွေ့ရတယ်။ သူအတိုင်းတာနဲ့ သူတော့စည်ပါတယ်။ အကြတ်နေ့ကျမှပဲ မိသားစုနဲ့ မြို့ထဲလျှောက်လည်တော့မယ် ’’ ဟု ပြောသည်။

သတင်း..ရဲခေါင်၊ မင်းသစ်၊
ဓာတ်ပုံ..ဇော်မင်းလတ်၊ ရဲထွဋ်

အထူးသတင်း
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံ တွေ့ဆုံ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေဆွေးနွေး
  •           
  • ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
  •           
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ အန်ရွှမ်းမြို့သို့ ရောက်ရှိလေ့လာ
  •           
  • ဒုတိယမြို့တော်ဝန် နေရာအတွက် မဲဆန္ဒနယ်(၃)မှ မြို့တော်ကော်မတီဝင်အဖြစ် ရွေးကောက် တင်မြှောက် ခံရသည့် ဦးစိုးလွင်အား ရွေးချယ်တင်မြှောက်
  •           
  • တပ်မတော်စစ်ကြောင်းက AA အဖွဲ့ သိုဝှက်ထားသော ရိက္ခာပစ္စည်းများ ရှာဖွေတွေ့ရှိ
  •           
  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲ ကျင်းပ
  •           
  • ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
  •           
  • သင်္ကြန်ကာလအကြိုနေရပ်ပြန်ပြည်သူများ၊ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးပညာပေး ဆောင်ရွက်
  •           
  • GAVI ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးနှင့် (၅၂) ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှု ကော်မရှင် အစည်းအဝေးတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်
  •           
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် မြောက်ဦးမြို့ရှိ အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
  •