ရန်ကုန် သင်္ကြန်အကြတ်နေ့ ပါဝင်ဆင်နွှဲကြသည့် အနုပညာရှင်တို့၏ စကားသံများ

ရန်ကုန် သင်္ကြန်အကြတ်နေ့ ပါဝင်ဆင်နွှဲကြသည့် အနုပညာရှင်တို့၏ စကားသံများ


Ministry of Information/ ​နေပြည်တော် / April 16, 2019
image_latest


ရန်ကုန် ဧပြီ ၁၅

ယနေ့ မဟာသင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့၏ အဓိက လမ်းမ ကြီးများနှင့် အင်းလျားကန်၊ ကန်တော်ကြီးနှင့် မြကျွန်းသာတို့တွင် အတာသင်္ကြန်ပွဲတော် ဆင်နွှဲသူတို့ဖြင့် အထူးစည်ကားခဲ့ပြီး အရိပ်ရ အပင်များ အုပ်ဆိုင်းရာ မြကျွန်းသာ တွင်လည်း သင်္ကြန်လည်ပတ်သူတို့ ကြိတ်ကြိတ်တိုး စည်ကားခဲ့သည်။ သင်္ကြန်မဏ္ဍပ် တို့တွင် အနုပညာရှင် များနှင့် အဆိုတော်များ လည်း နံနက်ပိုင်းမှ ညနေပိုင်း အထိ သီဆိုဖျော်ဖြေလျက်ရှိရာ အနုပညာရှင် တို့၏ စကားသံ တို့ကိုဖော်ပြလိုက်ပါသည်။

ဖြူဖြူကျော်သိန်း

'' ဖြူဖြူရဲ့ ချစ်ပရိသတ်ကြီး အန္တရာယ် ကင်းပြီး ကျန်းမာပါစေ။ မိမိမျှော်လင့် ကြံစည်ထားသမျှ ပြီး မြောက် အောင်မြင်ပါစေ။ မိသားစုနဲ့ ချစ်ချစ်ခင်ခင်ပျော်ရွှင် ချမ်းမြေ့ပါစေလို့ ဆုတောင်းပါတယ်။ သင်္ကြန် လေးရက်မှာ မြကျွန်းသာ CB-KMA သင်္ကြန်မဏ္ဍပ် တစ်ခုတည်းမှာပဲ ဖျော်ဖြေနေပါတယ်။ အတက်နေ့မှာ Rock သီချင်း နဲ့ အကအဖွဲ့တွေနဲ့ ဖျော်ဖြေဖို့ရှိပါတယ်။ ည ၉ နာရီထိ ဖျော်ဖြေသွား မှာပါ။ ပြည်သူ အပေါင်း ချမ်းသာကိုယ်စိတ် မြဲပါစေ'' ဟု အဆို တော် ဖြူဖြူကျော်သိန်းကပြောသည်။

အကယ်ဒမီရဲအောင်

''ဒီနှစ် မြကျွန်းသာလမ်းလျှောက် သင်္ကြန် ချန်နယ် K မဏ္ဍပ်မှာ သင်္ကြန်လေးရက် လုံးရှိပါတယ်။ နှစ်သစ်မှာ ပြည်သူအားလုံး ကျန်းမာ ချမ်းသာပြီး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ။ စိတ်ထဲမှာ ရှိတဲ့ အရာတွေ အားလုံး အောင်မြင်ပါစေလို့ ဆုမွန် ကောင်းတောင်း ပါတယ်။ ချန်နယ် K မဏ္ဍပ်ကို လာရောက် အားပေးကြတဲ့ ပရိသတ် အားလုံး ကို အထူးပဲကျေးဇူးတင်ပါတယ်'' ဟု ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီရဲအောင်က ပြောသည်။

အကယ်ဒမီ စိုးပြည့်သဇင်

''ဒီနှစ်သင်္ကြန်မှာ မြကျွန်းသာက လမ်းလျှောက်သင်္ကြန် ချန်နယ် Kမှာ ရှိပါတယ်။ နှစ်သစ်မှာ မြန်မာပြည်သူတွေ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ဆုတောင်း ပါ တယ်။ ချစ်ပရိသတ်အတွက် နှလုံးသားဒိုင်ယာရီ ဇာတ်ကား ရိုက်နေ ပါတယ်။ လာမယ့်နှစ်မှာ ကိုယ့်အတွက်ကော ပရိသတ် အတွက်ပါ ကြည့်ရ တာ သဘောကျမယ့် ဇာတ်လမ်းမျိုးကို အဓိက ရွေးချယ် သွားမှာပါ။ ဒီသင်္ကြန်မှာတော့ သီချင်းမြူးမြူးလေး တွေနဲ့လည်း ဖျော်ဖြေ နေပါတယ်''ဟု ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီစိုးပြည့်သဇင် ကပြောသည်။

ဆန်းသစ်လ

''မြန်မာ့နှစ်သစ်ကို ရောက်ပြီဆိုတော့ အားလုံး စိတ်သစ်လူသစ်နဲ့ စီးပွား လာဘ်လာဘ တိုးတက်ပါစေ။ ပျော်ရွှင်ပါစေ။ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာ နံနက်ပိုင်း တွေမှာ သီဆိုဖျော်ဖြေပြီးတော့ ညနေပိုင်း တွေမှာ (၁၉)လမ်းက စကိုင်းနက် ချန်နယ်နိုင်းမဏ္ဍပ်မှာ ဖျော်ဖြေ ပါတယ်''ဟု အဆိုတော် ဆန်းသစ်လကပြောသည်။

ယနေ့ ညနေပိုင်းတွင် မြကျွန်းသာ CB-KMA လမ်းလျှောက်သင်္ကြန် မဏ္ဍပ်မှာ ပရိသတ်များဖြင့် စည်ကား လျက်ရှိပြီး စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ Idiots၊ ဖြိုးပြည့်စုံ၊ လင်းနစ်၊ သားငယ်၊ Rio၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ ငဲငယ်လေး၊ စိုးပြည့်သဇင်တို့ဖြင့် ဖျော်ဖြေ လျက်ရှိရာ သင်္ကြန် ပရိသတ်တို့ဖြင့် အထူး စည်ကားလျက်ရှိသည်။

သန်းထိုက်

ဓာတ်ပုံ -သန်းစိုး

HOT NEWS
January 4,