အင်းလေးကထွက်သော ကြာချည်အော်ဂဲနစ်ထည်များ

အင်းလေးကထွက်သော ကြာချည်အော်ဂဲနစ်ထည်များ


Ministry of Information/ ​နေပြည်တော် / May 10, 2019
image_latest


အင်းလေး ဒေသရှိ အင်းပေါခုံကျေးရွာသည် ကြာဖြင့်ရက်လုပ်သော အဝတ်အထည်များကို စဉ်ဆက်မပြတ် ထုတ်လုပ်နေသည့် ကျေးရွာဖြစ်သည်။ ကြာချည်ရက်ကန်းပညာသည် မပျောက်မပျက် ထိန်းသိမ်းသင့်သော မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုလည်း ဖြစ်သည်။

အင်းပေါခုံကျေးရွာတွင် ပဒုမ္မာကြာမှရရှိသည့် အမျှင်များကိုထုတ်ယူကာ ကြာသင်္ကန်းအဖြစ် ရက်လုပ်ကြပြီး ဗုဒ္ဓဆင်းတုတော်နှင့် ရဟန်းသံဃာများအား လှူဒါန်းကြသည့်အပြင် ယခုအခါ မင်္ဂလာ အခမ်းအနားများတွင် ကြာချည်နှင့် ပိုးကို ရောကာ လည်စည်း၊ လျှောစောင်၊ အဝတ်အထည်များ စသည်ဖြင့် ပြုလုပ်အသုံးပြု လာကြကြောင်း သိရသည်။

ကြာချည်ပြုလုပ်ရန် ပထမဦးစွာ ပဒုမ္မာကြာရိုးကို အင်းလေးကန်အတွင်းရှိ ကြာခင်းမှ ခူးယူကြရသည်။ ရေအတိမ်အနက်ပေါ်မူတည်ကာ ရေနက်ပါက ကြာရိုးမှာ ပို၍ရှည်ပြီး ကောင်းမွန်သော ကြာချည်မျှင်ကို ရရှိသည်။ ကြာရိုးလေးလက်မခန့်ဖြတ်၍ လက်ဖြင့်ဆွဲကာ အမျှင်များကိုထုတ်ယူပြီး အမျှင်များကို လက်ဖြင့်လိပ်ကာ ကြာချည် ဖြစ်ရန် ပြုလုပ်ရသည်။

ကြာချည်ဖြစ်ပြီးနောက် လိုအပ်သောအရှည်ရရှိပါက အခြောက်ခံရပြီး အရောင် သုံးလိုပါက သစ်သီး၊ သစ်ခေါက်များမှရရှိသော သဘာဝဆိုးဆေးဖြင့် ဆေးဆိုး၍ အသုံးပြုကြသည်။ ရက်ကန်းမခတ်မီ ကြာချည်ကို ဗိုင်းပေါ်တင်ကာ ချည်ခင်ပြီးမှ ရက်ကန်းစင်ပေါ်တင်၍ ရက်လုပ်ပြီးနောက် ကြာချည်ထည်ကို ရရှိသည်။ ပဒုမ္မာကြာ သင်္ကန်းတစ်ထည်ရက်လုပ်ရန်အတွက် ကြာရိုးပေါင်း ၂၀၀၀၀၀ ခန့် လိုအပ်သည့် အတွက် တန်ဖိုးမှာလည်း မြင့်မားလှသည်။

သီဟစည်သူ

HOT NEWS
January 4,